Magway Jail News

0 0
Read Time:2 Minute, 29 Second

မကွေးအကျဉ်းထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားများကို အကျဉ်း ဦးစီး ဌာန ဝန်ထမ်း မင်းလွင်ဦးနှင့် ဝန်ထမ်းဌေးဝင်းလှိုင်တို့က နေ့စဉ် ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ကာ တိုက်ပိတ်ထား

 

D Day News

ဇူလိုင်လ ၄

 

မကွေးတိုင်း၊ မကွေးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားများ ကို အကျဉ်းထောင်ဦးစီးအရာရှိ မင်းလွင်ဦးနှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့က နေ့စဉ်ရိုက်နှက် နှိပ်စက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်သည်။

 

ဇွန်လ ၁၆ ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်မှ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံ ရေး အကျဉ်းသားအပါအဝင် အကျဉ်းသား ၄၀ ကျော်ကို မကွေးအကျဉ်းထောင်တာဝန်ခံများမှ Main Jail သို့ ခေါ်ဆောင်၍ ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ပြီး ခြိမ်းခြောက်ခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသား များကို ခြေကျင်းဒေါက်များ ၁၄ ရက်အထိ ခတ်ထားခဲ့ကြောင်း၊ ထို့သို့ ဒေါက်ခတ်ခံထားရစဉ် ရေချိုး ချိန်၌လည်း ပုံစံခွက်ဖြင့်သာချိုးရပြီး ပုံမှန်ရေချိုးခွက်ဖြင့်စုစုပေါင်း ၁၅ ခွက်သာ ချိုးခွင့်ပေးကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၁၆ ရက်မှ ဇွန်လကုန်အထိ အကျဉ်းဦးစီး ဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး နှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်၍ နိုင်ငံရေး အကျဉ်းသားများကို အဆောင်မှ နေ့စဉ်ခေါ်ထုတ် ရိုက်နှက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံရေးအကျဉ်းသားများမှ ရိုက်နှက်မှုပြုလုပ်ခဲ့သည့်အကျဉ်းဦးစီးဝန်ထမ်းများကို မည်သည့်အတွက် ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်သနည်းဟု ပြန်လည် မေးမြန်းခဲ့ရာ အကျဉ်းထောင် ဝန်ထမ်းများက ဦးဆောင်သူဟု ယူဆထားသည့် နိုင်ငံရေး အကျဥ်းသား ၁၀ ဦးကို ထပ်မံရိုက်နှက်၍ တိုက်ပိတ်ပစ်ခဲ့ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *