Mandalay News

0 0
Read Time:1 Minute, 30 Second

ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ရဲစခန်း၊ မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာရဲစခန်းနှင့်တာဝါတိုင်စောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု စစ်သား၊ ရဲ ၄ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၄

 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ရဲစခန်း၊ မြစ်သားမြို့နယ်၊ ရစ်ကန်ကျေးရွာ ရဲစခန်း နှင့်တာဝါတိုင်စောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၄ ဦးသေဆုံး ခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီခန့်က မြစ်သားမြို့နယ်၊ ရစ်ကန် ကျေးရွာ ရဲစခန်းနှင့် တာဝါတိုင် စောင့်သော စစ်သားများကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှ ဒရုန်း ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ၊ ရဲ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁ ရက် ညနေ ၄ နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာရှိ ရွှေတောင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *