CDM News

0 0
Read Time:2 Minute, 20 Second

ဇွန်လအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၄၃ ဦး အလင်းဝင်ခဲ့ပြီး လက်နက်မျိုးစုံ ၁၈ လက်ရရှိ

 

D Day News

ဇူလိုင်လ ၄

 

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၄၃ ဦးအလင်းဝင်ရောက်ခဲ့ပြီး လက်နက်မျိုးစုံ ၁၈ လက်ရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖ များ သို့ ဆက်သွယ်ကာ ဗိုလ်မှူး (၁) ဦး၊ ဗိုလ်ကြီး (၂) ဦးနှင့် ဒုရဲမှူး (၁) ဦး အပါအဝင် တပ် သားနှင့်ရဲ (၄၃) ဦး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၄၃) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက် ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ် ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇွန်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၈) လက်နှင့်ခဲ ယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စု ဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် ပြည်သူ့ ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်း သား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *