Lasho News

0 0
Read Time:3 Minute, 38 Second

လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် လားရှိုး တက္ကသိုလ် အနီး နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲကာ မိသားစုဝင် ၆ ဦး ပွဲချင်းပြီးသေဆုံး

 

D Day News

ဇူလိုင်လ ၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ် က လက်နက်ကြီး၊ ဒရုန်း ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လားရှိုးတက္ကသိုလ်အနီးရှိ နေအိမ်တစ်လုံး ပေါ်သို့ ကျရောက်ပေါက်ကွဲ ပြီး မိသားစုဝင် ၆ ဦး သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း -TWO ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂ ရက် ည ၁၀ နာရီ ခွဲအချိန်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က လားရှိုး မြို့ပြင်ကို ယနေ့ ဇူလိုင်လ ၃ ရက် မွန့်တည့် ၁၂ နာရီအချိန်အထိ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၇ နာရီခန့်က လားရှိုးတက္ကသိုလ် အနီး ရပ်ကွက် ၁ သာယာလမ်းထဲရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျည်တစ်လုံးကျရောက်ပေါက်ကွဲ ခဲ့ရာ မိသားစုဝင် ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့ညကတည်းက လက်နက်ကြီးတွေစပစ်တာ၊ မြို့ပြင်ဘက်ကိုပစ်တယ်၊ ဒီမနက်တော့ ရပ်ကွက် ၁ ထဲမှာ ကျလာတယ်၊ သာယာလမ်းထဲလို့ ပြောတယ်၊ ဒါပေမယ့် ကျနော်တို့က သွားမကြည့်ရဲဘူး၊ ကျနော်တို့လဲ အဲ့လိုဖြစ်တဲ့ ဖြစ်တဲ့အချိန် အခြားနေရာကို ရှောင်ဖို့ ပြင်ဆင်နေတုန်း ရပ်ကွက်ထဲကျ လာတာ၊ အကုန်လုံးက ထွက်ပြေးကြကုန်ပြီ၊ အဲ့လက်နက်ကြီးကျတဲ့အိမ်က မိသားစုဝင်လိုက်ပဲ ထိပြီး ဆုံးသွားတယ်၊ အိမ်ရော၊ ကားရော အကုန်ထိတယ် လူဦးရေတိကျတော့ မသိရဘူး” ဟု လားရှိုးမြို့ နေပြည်သူတစ်ဦးက ပြောကြားသည်။

 

အလားတူ လားရှိုးမြို့ရှိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည် တစ်လုံး သည် နမ့်ပေါင်ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

လားရှိုးမြို့အနီးတစ်ဝိုက်ကျေးရွာများတွင် ကိုးကန့်တပ်မတော်၊ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့်အကြမ်း ဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားလျက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များကို ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၂၅၊ ၂၆ ရက်နေ့တွင် စစ်ကောင်စီက လားရှိုး-သီပေါလမ်းရှိ တံတားနှင့် လားရှိုး မန်စံ ရေကျ ကျေးရွာအနီးရှိ တံတားများကို မိုင်းခွဲဖျက်စီးခဲ့ပြီး လားရှိုး-မိုင်းယော်လမ်းနှင့် လားရှိုး-သီပေါ လမ်း များကို စက်ဖြင့် မြောင်းများတူးဖော်ကာ လမ်းများကို ဖြတ်တောက်ထားကြောင်း၊ ယနေ့ ဇူ လိုင်လ ၃ ရက်နေ့တွင်လည်း တန့်ယန်း- မိုင်းရယ် လမ်းမကြီးကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဖြတ်တောက်ထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *