Maddayar News

0 0
Read Time:2 Minute, 15 Second

မတ္တရာလေကြောင်းရန် ကာကွယ်ရေးတပ်ကို စစ်ကူလာသည့်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃၅ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင် ၂

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ၁၀၁၄ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်ကို စစ် ကူလာသည့် ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၅ ဦးပွဲချင်းပြီးသေဆုံး ခဲ့ကြောင်း မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အမှတ် ၁၀၁၄ အင်ကြင်းမြိုင် လေ ကြောင်းရန် ကာကွယ်ရေးတပ်ကို FAW ကား ၆ စီးဖြင့် စစ်ကူလာသော အင်အား ၁၂၀ ပါ ယာဉ်တန်း အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃၅ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ကျန်ရှိသော စစ်သားများ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရ သည်။

ထို့နောက် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို စစ် ကူ ထပ်မံရောက်ရှိသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကားများဖြင့် သယ်ဆောင် သွား ကြောင်း သိရသည်။

 

အထိနာသော အကြမ်းဖက် စစ်တပ်က MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၃ကြိမ် ပစ်ကူပေးခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ နဂါးညီနောင်ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့၊ SSTP (Security and Special Task Force) ၊ ပြင်ဦးလွင်ခရိုင် အမှတ်-၁ တပ်ရင်း ၁ ၊ မဟာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်နှင့်ကျားသစ်နက် စစ်ကြောင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *