Myitkyina News

0 0
Read Time:3 Minute, 45 Second

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေကြီးနေပြီး အရေးပေါ်ကယ်ဆယ်ရေး စက်လှေများ အကူအညီ လိုအပ်နေ၊ စစ်ကောင်စီအကူအညီတောင်းသော်လည်း ရရှိခြင်းမရှိပဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ် ကယ် ဆယ်ရေးလုပ်ဆောင်နေရ

 

D Day News

ဇူလိုင်လ ၁

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ နစ်မြုပ်နေပြီး အရေးပေါ် ကယ်ဆယ်ရေး စက်လှေများ အကူအညီလိုအပ်လျက်ရှိကြောင်း၊ စစ်ကောင်စီထံအကူအညီတောင်းသော်လည်း အကူအညီရရှိခြင်းမရှိပဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ဝိုင်းဝန်းကူညီပေးနေရကြောင်း ကူညီကယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာကာ မြစ်ကြီးနားမြို့တွင်းသို့ စီးဝင်နစ်မြှုပ်ခဲ့ရာ လွယ်ကုန်း၊ အောက်ချိုင့်၊ ကြက်ပေါင်ခြံ၊ ရမ်းဘို၊ စီတာပူ၊ ဇီးလွန်၊ အောင်နန်း၊ ခေမာသီရိ စသည့်ရပ်ကွက်များအပြင် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများပါ နစ် မြှုပ်လျက်ရှိကြောင်း သိရသည်။

“ရေအလျင်အမြန်ကို တက်နေတာ၊လွယ်ကုန်း၊ အောက်ချိုင့်၊ ကြက်ပေါင်ခြံ၊ ရမ်ဘို၊ စီတာပူတို့၊ ဇီး လွန်၊ အောင်နန်း၊ ခေမာသီရိတို့ပေါ့၊ ကြက်ပေါင်ခြံဟိုဘက် ရှမ်းရွာတို့တွေလည်း မြှုပ်တယ်၊ အခုက တောက်လျှောက်မြုပ်နေတာ၊  ပရဟိတအဖွဲ့တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကတော့ ကယ် ဆယ်ကြပေမယ့် အားနည်းချက် ကတော့ စက်လှေမရှိတာပေါ့၊ ဒီဘက်အုပ်ချုပ်ရေးတွေကိုလည်း တင်ပြပေမယ့် အဆင်မပြေဘူး။ ကျနော်တို့အခု ကယ်ထုတ်နိုင်တဲ့လူတွေကျတော့ လူတစ်ရပ် လောက်နစ်တဲ့နေရာတွေမှာတော့ ကယ်ထုတ်နိုင်ပေမယ့် တော်တော်လေး ရေဝင်သွားတဲ့နေရာ၊ ရေစီး သန်တဲ့နေရာမျိုးကျတော့ စက်လှေမပါပဲနဲ့ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်သွားတာ၊ လှေဆို တာကလည်း လှော်တက်လောက်နဲ့ တော့ အဆင်မပြေဘူး။ ရေကလည်း တရိပ်ရိပ်နဲ့ အချိန်တိုင်း တက်နေတယ်။ မိုးကလည်းတောက်လျှောက်ရွာတယ်၊ တောက်လျှောက်တက်တယ်။ ရေကလည်း ရေစီးသန်တယ်၊ တက်တာလည်း မြန်တယ်။” ဟု ကူညီကယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြော ကြားသည်။

 

ကယ်ဆယ်၍ ရသည့်ပြည်သူအချို့ကို စာသင်ကျောင်း၊ ဘုရားကျောင်းတို့တွင် ကိုယ့်အစီအစဉ်ဖြင့် နေရာချထားပေးရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ သောက်ရေသန့် လိုအပ်လျက်ရှိကြောင်း သိရသည်။

 

“ကယ်လို့ရတဲ့သူတွေကိုတော့ ဒီဘက်အခြမ်းကျတော့ အထက ၅ တို့ ၊ စီတာနှစ်ခြင်းဘုရားကျောင်း တို့မှာပေါ့၊ ကယ်ဆယ်ရေးဖွင့်ထားတယ်ဆိုတာတော့ မဟုတ်ပေမယ့်လည်း ကိုယ့်နည်းကိုယ့်ဟန်ပေါ့၊ နားလည်မှုတွေနဲ့ ဖွင့်ထားပေးကြတာပေါ့။ အခုချိန် အထိ တော့ လူသေတာတော့ မကြားမိသေးဘူး၊ မကယ်ထုတ်နိုင်တာလောက်ပဲ ကြားမိသေးတယ်၊ အများသောအားဖြင့် မကယ်ထုတ်နိုင်ဘူးဖြစ် နေ တယ်၊ အခုဆိုရင် မြေနိမ့်ပိုင်းကလမ်းတွေ အကုန် လုံး ရေ ကလွှမ်းသွားပြီ၊ အခုအခြေအနေကတော့ အရေးပေါ်တော့ ကသောင်းကနင်းဖြစ်နေတယ်၊ နေစရာနေရာတို့ စားစရာ တို့အရေးပေါ်ဖြစ်နေ တယ်၊ အခုက မိုးကလည်းရွာ၊ မီးကလည်း မလာ ဆိုတော့ အရမ်းကို အရေးပေါ် ကယ်ရေးပစ္စည်းတွေ အရမ်းလိုအပ်နေပါတယ်။” ဟု ကူညီကယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *