Htilin News

0 0
Read Time:2 Minute, 50 Second

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်များက ထောင်ထားခဲ့သည့် မိုင်းများကို YRA ထီးလင်းတပ်ဖွဲ့မှ ရှင်းလင်း

 

D Day News

ဇူလိုင်လ ၁

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့အနောက်ဘက် ချင်းတောင်တန်းသို့ တက်သည့်လမ်းမ ပေါ်တွင် အကြမ်းဖက်စစ်သားများ ထောင်ထားခဲ့သည့်မိုင်းများကို ရှင်းလင်းခဲ့ကြောင်း YRA ထီးလင်း တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က ထီးလင်းမြို့မှ အနောက်ဘက်ချင်းတောင်တန်းသို့ တက်သည့် ပလုံထီ – ထီးလင်းတောလမ်း (ဒေသအခေါ် ထီးလင်းအနောက်တော) ပေါ်တွင် အကြမ်း ဖက်စစ်သားများ စစ်ကြောင်းထိုးပြီး ထောင်ထားခဲ့သည့် နင်းမိုင်း ၅ လုံး ကို ဂန့်ဂေါ်ခရိုင်တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ – YRA ထီးလင်း ရဲဘော်များ က ဖယ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

“ထီးလင်းမြို့ရဲ့ အနောက်ဘက် ထင်လင်းရွာနားမှာရှင်းခဲ့တာ၊ သူက ဂန့်ဂေါဘက်တက်တာ မဟုတ် ဘူး၊ ချင်းတောင်ဘက်ကို တက်တဲ့လမ်း၊ ကတ္တရာလမ်းမဟုတ်ဘူး၊ မြေသားလမ်း၊ သူတို့ အဲဒီ နေရာ တွေကို ခဏခဏစစ်ကြောင်းထိုးလေ့ရှိတယ်။ စစ်ကြောင်းထိုးရင်းနဲ့ ထောင်ထားခဲ့တဲ့သဘောပေါ့။ လွန်ခဲ့တဲ့တစ်လလောက်ကပဲ ထောင်ထားခဲ့တာလို့ ယူဆရတယ်။ ဒီလမ်းကလည်း လူသွားလူလာ တအားကြီးမများဘူး။ ပြည်သူတွေပဲ သွားတဲ့လမ်းပဲ။ ပြည်သူတွေတော့ နင်းမိတာတော့မရှိဘူး။ လော လောတော့ ၅ လုံးပဲ တွေ့သေးတယ်။ စကစတွေ စစ်ကြောင်းထိုးတဲ့နေရာတွေကို ကျနော်တို့ နယ် မြေရှင်းလင်းရေး မလုပ်သေးပဲနဲ့ ဖြတ်သန်းသွားတာ၊ ဝင်ရောက်နေထိုင်တာတွေမလုပ်ဖို့ အသိပေး ချင်တယ်၊ ကျနော်တို့ဘက်က သေချာနယ်မြေရှင်းလင်းမထားရသေးတဲ့အခါမှာ မလိုလားအပ်တဲ့ ပေါက်ကွဲမှုတွေလည်းဖြစ်ပွားနိုင်တဲ့အတွက် ဒါလေးကိုတော့ လိုက်နာပေးပါလို့ မေတ္တာရပ်ခံပြော ကြားချင်ပါတယ်”ဟု YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးခဲ့ရာ တောတောင်များ၊ စစ် ကြောင်း ဝင်ရောက်ခဲ့ရာ ကျေးရွာများအတွင်းသို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ နယ်မြေရှင်းလင်း ပြီး ကြောင်း မကြေညာ မချင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန် နှင့် မိမိအနီးနားပတ်ဝန်းကျင်၌ လက် နက်ကြီး အကြွင်းအကျန်များ၊ မြေမြှုပ်မိုင်းများ တွေ့ရှိပါက နီးစပ်ရာကာကွယ်ရေးတပ်ဖွဲ့များသို့ အ မြန်ဆုံး အကြောင်းကြားပေးကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *