TNLA News

0 0
Read Time:2 Minute, 28 Second

မိုးမိတ် – တွင်းငယ်လမ်းပေါ်ရှိ ရွှေကျောက်မောရွာ ရဲစခန်းနှင့် ကင်းချောင်းတံတားစောင့် စစ်တပ် စခန်းကို သိမ်းပိုက်ပြီး စစ်ကူလမ်းကြောင်းကို ဖြတ်တောက်ထိန်းချုပ်ထား၊ ကင်းချောင်းတံတား စောင့်တိုက်ပွဲ၌ စစ်သား ၃ ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိ

 

D Day News

ဇွန်လ ၃၀

 

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ဆက်စပ်ထားသည့် မိုးမိတ် -တွင်းငယ် လမ်းပေါ်ရှိ ရွှေကျောက်မောရွာ ရဲစခန်းနှင့် ကင်းချောင်းတံတားစောင့် စစ်တပ် စခန်းကို သိမ်းပိုက်ပြီး စစ်ကူလမ်းကြောင်းကို ဖြတ်တောက်ထိန်းချုပ်ထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်သည်။

 

ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA တပ်ရင်း ၆၀၇ အနေဖြင့် မိုးမိတ်မြို့နှင့် တွင်းငယ်မြို့ကြား လမ်းကြောင်းဖြတ်‌ တောက်ရေးတာဝန်ယူကာ စစ်ကြောင်းထိုးဆင်းလာခဲ့ပြီး ပထမဆုံးစစ်ဆင်ရေးအဖြစ် ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ရွှေကျောက်မောရွာ ရဲစခန်းကို TNLA တပ်ဖွဲ့နှင့်ပူးပေါင်းကာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ ကြောင်း သိရသည်။

ထို့နောက် ယမန်နေ့ ဇွန်လ ၂၉ ရက် နံနက် ၆ နာရီ အချိန်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်မြို့နှင့် မိုးမိတ်မြို့ ဆက်သွယ်ထားသည့် လမ်းပေါ်တွင် ခလရ ၂၂၃ မှ ဗိုလ်ကြီးအဆင့်ကွက် ကဲသော အဓိကဖြတ်တောက်ရေးစခန်းတစ်ခုဖြစ်သည့် ကင်းချောင်းတံတားစောင့်ဂိတ်စခန်းကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းတွင် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ ကျန်စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ ယနေ့ ဇွန်လ ၃၀ ရက်နေ့မှစ၍ တွင်းငယ် -မိုးမိတ်လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *