မိုးကုတ်မြို့၊ ရွှေမျက်ဝန်းတပ်စခန်းနှင့်မိုးမိတ်မြို့နယ်၊ကင်းချောင်းတပ်စခန်းတို့ကို သိမ်းပိုက်ရရှိ
D Day News
ဇွန်လ ၃၀
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရွှေမျက်ဝန်းတပ်စခန်းနှင့် မိုးမိတ်မြို့နယ်၊ ကင်းချောင်းတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထံက သိရသည်။
ယနေ့ ဇွန်လ ၃၀ ရက် နံနက် ၅ နာရီအချိန်တွင် မိုးကုတ်မြို့ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းကို တအာင်းတပ်မတော် TNLA မှ စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုအပြင် ရွှေလိပ်ပြာစခန်းတွင်လည်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်မှ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်အထိ မိုးကုတ်မြို့နယ် ရွှေသာယာ၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၆၀ မမ လက်နက်ကြီးများ ၁၄ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးကုတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများကို တအာင်းတပ်မတော် TNLA ၊ PDF (မိုးကုတ်ဗျူဟာ)၊ MOD-PDFတ ပ်ရင်း ၅၁၃ နှင့် မိုးကုတ် ပကဖ ပူးပေါင်းကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၉ ရက် ည ၇ နာရီ ၅၃ မိနစ်အချိန်တွင် တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းချောင်းစခန်းကို တအာင်းတပ်မတော် TNLA ၊ PLA နှင့် MOD-PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၆၀၆ တပ်စခန်းကို တအာင်းတပ်မတော် TNLA ၊ DPLA နှင့် MDY-PDF ပူးပေါင်းကာ ယနေ့ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီ ၁၄ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက် ည ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် အဆိုပါ နောင်ချိုမြို့ စစ်ကောင်စီတပ်ရင်း ခမရ ၆၀၆ တပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်မှ MI-25 လေယာဉ်ဖြင့် ဗုံး ၂ လုံးလာရောက်ကြဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
D Day News