Human Right

0 0
Read Time:3 Minute, 19 Second

အကြမ်းဖက်စစ်အုပ်စု၏ အတင်းအဓမ္မစစ်သားစုဆောင်းမှု လုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှု စတင်ကြောင်း NUG ကြေညာ

 

D Day News

မတ်လ ၃၀

 

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံ ဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း NUG အစိုးရက ယနေ့ မတ်လ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

 

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူ လူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့ များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel – https://t.me/nugpublicaffairsbot ကို ယနေ့ စတင်ဖွင့်လှစ်လိုက်ဖြစ်ကြောင်း သိရသည်။

 

လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သား စုဆောင်းမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များကို နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင် မှု ပေးသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်း မှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် သိရှိလိုသည် များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ကြောင်းအသိပေးထားသည်။

 

Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများ ပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက် ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် အဓမ္မစစ်သားစု ဆောင်းခြင်းဖြင့် မိမိတို့အား ထပ်မံဖိစီးနှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့် ကျင်တော်လှန်ကြရန် NUG အစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *