Nyaung Lay Bin News

0 0
Read Time:1 Minute, 33 Second

ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်နေသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၉

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ် ကြောင်း ထံမှ သိရသည်။

 

ဇွန်လ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် KNU တပ်မဟာ ၃ ၊ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ စိုးမိုးနယ်မြေများအတွင်းသို့ စစ်ကြောင်း ထိုးရန်လာသည့် စစ်ကောင်စီ၏ တပ်စွဲထားရာ ကင်းစခန်းတစ်ခုကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ အရာ ရှိတစ်ဦးနှင့် အခြားအဆင့် ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း ၇ ကောင် စစ်ကြောင်း၏ Drone တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော် လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *