Tanintharyi News

0 0
Read Time:1 Minute, 40 Second

တနင်္သာရီမြို့နယ်ရှိ ပွိုင့် ၃၀၀၀ စခန်းမှ စခန်းစွန့်ခွာထွက်ပြေး (ရုပ်သံ)

 

D Day News

ဇွန်လ ၂၉

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ပွိုင့် ၃၀၀၀ တောင်ကုန်းရှိ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း KTLA ထီးဆဲမဲ့ရွာတပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၁၈ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းကို KTLA ထီးဆဲမဲ့ရွာတပ်ရင်းက စတင် ဝန်းရံပိတ်ဆို့ ထားခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့တွင် အဆိုပါ ပွိုင့် ၃၀၀၀ စခန်းကို စစ်ကြောင်းထိုး၍ ဝင်ရောက်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံး စခန်း အတွင်းမရှိတော့ဘဲ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စခန်းအတွင်း ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး စခန်းအတွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နေထိုင်ခဲ့သည့် အဆောက်အဦးနှင့် အသုံး အဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“အဲစခန်းက စစ်ခွေးတွေ အကုန်လုံး မောတောင် ဘက်ကို ထွက်ပြေးသွားပြီး နယ်မြေ ရှင်းလင်းရေး တွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု KTLA ထီးဆဲမဲ့ရွာတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းသည် ခလရ ၁၀၁ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်ခဲ့သော နေရာဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *