TNLA News

0 0
Read Time:1 Minute, 48 Second

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၅ ရက်အတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်သား ၅၃ လက်နက်ချ အလင်းဝင်

 

D Day News

ဇွန်လ ၂၉

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်တွင် ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၅ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၃ ဦးလက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်နေ့မှ ယနေ့ ဇွန်လ ၂၉ ရက်နေ့အထိ တအာင်းပြည် တပ်မဟာ၂ စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို့နယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦးလက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

 

လက်နက်ချအလင်းဝင်ရောက်ခဲ့သူများမှာ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ရဲအုပ် ၁ဦး၊ တပ်ကြပ် ကြီး ၆ ဦး၊ ရဲတပ်ကြပ် (ယာဉ်ထိန်း) ၁ ဦး၊ တပ်ကြပ် ၁၁ ဦး၊ ဒုတပ်ကြပ် ၉ ဦး၊ ရဲတပ်သား ၁ ဦးနှင့် စစ် ကောင်စီ တပ်သား ၁၉ ဦး တို့ဖြစ်ပြီး စုစုပေါင်း တပ်ဖွဲ့ဝင် ၅၃ ဦးရှိကြောင်း သိရသည်။

 

ဇွန်လ ၂၆ ရက်နေ့တွင်လည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးလည်း တအာင်းတပ်မတော် TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *