KNU News

0 0
Read Time:3 Minute, 30 Second

KNU ဒူးပလာယာခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ အားလုံး နှုတ် ထွက်၊ ပြောင်းရွှေ့၊ ထွက်ခွာသွားရန် အမိန့်ထုတ်

 

D Day News

ဇွန်လ ၂၉

 

ကရင်အမျိုးသား အစည်းအရုံး – KNU ဒူးပလာယာခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး နှုက်ထွက်၊ ပြောင်းရွှေ့၊ ထွက်ခွာသွားကြရန်နှင့် ထုတ် ပြန်ထားသည့်အမိန့်ကို လိုက်နာခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း KNU ဒူးပလာယာခရိုင် ကထုတ်ပြန်သည်။

 

ကေအဲန်ယူ – ဒူးပလာ ယာခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ နေ့စဥ်နှင့် အမျှ နေရာအနံ့ ဖော်ဆောင် လျက်ရှိသည့်အပြင် ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး၏ အုပ်ချုပ် ရေး ယန္တရားများလည်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ် ကိုင်ဆောင်ရွက်ရာ၌ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“လက်ရှိအခြေအနေက မြို့သိမ်းတိုက်ပွဲတွေလည်းရှိလာတယ်၊ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့ က ဖက်ဒရယ်ယူနစ်ကို သွားမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်တာ ရှိတယ်။ တချို့သောအခန်းကဏ္ဍလေးတွေမှာ ရှုတ်ထွေးတာပေါ့၊ ပညာရေး၊ ကျန်းမာရေးတွေလည်း ပါတာပေါ့။ အဲဒီအပေါ်မှာ စာထုတ်ရတာပါ၊ သူတို့လည်း သူတို့ရဲ့အသိ တရားနဲ့ သူတို့ ကောင်းမွန်စွာ နဲ့ နှုတ်ထွက်သွားရင်တော့ ကောင်းတာပေါ့။အဓိက က အာဏာရှင်မြန်မြန်ပြုတ်ကျဖို့ပဲလေ။ အောက် ခြေဝန်ထမ်းတွေ မရှိတော့မှ ကျနော်တို့သွားချင်တဲ့ ဖက်ရယ်ပြည်ထောင်စုကြီးလည်းမြန် သွားတာ ပေါ့။ လိုက်နာခြင်းမရှိဘူးဆိုရင်တော့ ထုတ်ပြန်ချက်ထဲမှာတဲ့အတိုင်းပဲ ကျနော်တို့က လုပ်ဆောင် သွားမှာဖြစ်ပါတယ်” ဟု  KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။

 

သို့ဖြစ်ပါ၍ ဒူးပလာယာခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများ မရှိစေရန် စစ်ကောင်စီ (SAC) လက်အောက်ခံ ဌာနအသီးသီးတွင် အမှုထမ်းလျက်ရှိနေသော ဝန်ထမ်း များအားလုံး မိမိတို့၏ သက်ဆိုင်ရာ ဌာနမှ နှုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း ပြုလုပ်ရန် (သို့မဟုတ်) ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အတူ ပူးပေါင်း ပါဝင်ကူညီပေးရန် နှင့် စစ်ကောင်စီ (SAC) ကို အားပေး၊ ထောက်ခံ၊ ကူညီသော မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ရန် အသိပေး အကြောင်းကြား ထုပ်ပြန်ထားသည်။

 

ယင်း ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက ကေအဲန်ယူ – ကရင်အမျိုးသား အစည်း အရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ မှ အဆင့်ဆင့်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၈ ရက်နေ့စွဲထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *