Kyauk Me News

0 0
Read Time:4 Minute, 3 Second

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲအတွင်း သေဆုံးစစ်သားအလောင်းများနှင့် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသွားသော ပြည်သူများ၏ ရုပ်အလောင်းများကို ပရဟိတအသင်းက ကောက်ယူသင်္ဂြိုလ်

 

D Day News

ဇွန်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအ လောင်း များ၊ စစ်တပ်က လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသွားသော ပြည်သူများ၏ ရုပ် အလောင်းများကို ကောက်ယူသင်္ဂြိုလ်ပေးခဲ့ကြောင်း နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ကျောက်မဲ အသင်းခွဲ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့ပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများအတွင်း ထိမှန်သေဆုံးသွားသော ပြည်သူ ရုပ်အလောင်း ၁၆ လောင်းကို နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲ အသင်းခွဲမှ သွားရောက်ကောက်ယူကာ အေးချမ်းသာ သုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ ကြောင်း သိရသည်။

 

“ဒီနေ့ကတော့ ပြည်သူတွေပါပဲ၊ အိမ်တွေထဲမှာပဲ ဆုံးတာများတယ်၊ လက်နက်ကြီးထိတာ၊ ပစ်ကြ ခတ်ကြဆိုတော့ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး၊ လေယာဉ်နဲ့လည်း ဗုံးကျဲနေတာကရှိတယ်၊ ဒီနေ့ဆိုရင် တနေကုန်ပဲ၊ တိုက်ပွဲကတော့ ဒီနေ့အပြင်းထန်ဆုံးလို့တောင် ပြောလို့ရတယ်။ အလုပ်လုပ် ရတာက အချိန်နဲ့လုပ်ရတာဆိုတော့ နာမည်တွေဘာတွေမမေးနိုင်ဘူး။ တစ်ခါတည်းသွား၊ တခါ တည်းပြေး၊ တခါတည်းချ၊ ပစ်ခတ်သံ၊ ဗုံးကျဲသံကြားရင် ပြန်ငြိမ်နေ၊ အသံမကြားမှ နည်းနည်းလေး ပြန်ထွက်အဲလိုလုပ်နေရတာ။ အဲလိုမျိုးပဲ လုပ်နိုင်မှ အဆင်မပြေမှာ၊ ဒီအတိုင်းထားရင်လည်း ဒီအနံ့ ကြီးက အရမ်းဆိုးသွားမှာ။ ဒီနေ့ ညနေ ၅ နာရီမှာလည်း မိသားစုလိုက် ၅ ဦးနဲ့ အမှတ် ၆ ကွက်ထဲမှာ တစ်လောင်းနဲ့ ၁၆ လောင်းဖြစ်သွားမှာ၊ ဒီနေ့ ၁၆ လောင်းပေါ့” ဟု နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ပြောကြားသည်။

အလားတူ ဇွန်လ ၂၈ ရက် ညနေ ၅ နာရီခန့်ကလည်း ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုတ်ကျင်း နယ် မြေ ၅ တွင် နေအိမ်ခြံဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်များအပါ အဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲနှစ်ခုကြားတွင် သေဆုံးသူများဖြစ်ကြသဖြင့် မည့် သည့်ဘက်မှ ပစ်ခတ်မှုကြောင့် သေဆုံးသည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၂၇ ရက်နေ့တွင် ကျောက်မဲမြို့တွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA ပူး ပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ အတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်း ၂၃ လောင်းကို နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ကျောက်မဲ အသင်းခွဲနှင့် နာရေးကူညီမှုအသင်း – ကျောက်မဲ အဖွဲ့သားများက ကောက်ယူကာ အေးချမ်းသာ သုသာန်သို့ ပို့ ဆောင်ကာ သင်္ဂြိုလ်ပေးခဲ့သေးသည်။

 

“မနေ့က ကောက်ယူခဲ့တဲ့အလောင်းတွေကတော့ စစ်သားရော၊ ပြည်သူရော အစုံပါမယ်ထင်တယ်။ တိုက်ပွဲဖြစ်တာဆိုတော့ တဖက်နဲ့တဖက်က ပစ်ခတ်တာတွေရှိတော့ ပါတယ်လို့တော့ ယူဆလို့ရ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလောင်းတွေကလည်း ပုပ်ပွနေတာရယ်၊ လမ်းမတွေပေါ်မှာရယ်၊ ချုံထဲသေတာတွေရယ်များတာကိုး၊” နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *