Poem

0 0
Read Time:1 Minute, 11 Second

ကဗျာ ကဏ္ဍ “ဓမ္မတိုက်ပွဲ”

 

ပျိုးကြဲလက်

 

ငါ၏ဦးခေါင်း ၊ ဖော့ဖယောင်းသွင်

ပျော့ပြောင်းကြေမွ ၊ သွေးချင်းကျလည်း

လုံးဝလက်မြှောက် ၊ ဒူးမထောက် ။

 

ငါ၏အရိုး ၊ ကြာနွယ်မျိုးသို့

ပဲ့ကျိုးကြေမွ ၊ ပျော့ခွေကျလည်း

လုံးဝလက်မြှောက် ၊ ဒူးမထောက် ။

 

ငါ၏သွေးကွက် ၊ မြေမှာပွက်၍

ဓားချက်ကျည်ခ ၊ ပုံလျှက်ကျလည်း

လုံးဝလက်မြှောက် ၊ ဒူးမထောက် ။

 

ငါ့ယုံကြည်ချက် ၊ ဓမ္မဖက်၍

အသက်သေစေ ၊ ငါတို့မြေမှ

မွေခံသားကောင်း ၊ ငါဆုတောင်း၏ ။

 

ငါ့ပြည်ငါ့မင်း ၊ ဓမ္မကင်းလျှင်

မင်းချင်းနှိပ်စက် ၊ ပြည်ရွာပျက်က

စစ်မက်ထူပြော ၊ ရေစုန်မျောအံ့ ။

 

ငါ၏မျိုးဆက် ၊ အလှစွက်၍

စဉ်ဆက်ဝေဖြာ ၊ ငါ့ပြည်သာအောင်

ငါ့မှာအားအင်ရှိပါဘိ

ငါ့မှာစွမ်းရည်ရှိပါဘိ

ငါ့မှာတာဝန်ရှိပါဘိ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် နံနက် အစောပိုင်း ၁ နာရီ ၁၁ မိနစ်

 

Photo – ထိုင်းနိုင်ငံအခြေစိုက် ဖြူစင်သော တွဲလက် ထောက်ပို့ရဲဘော်များ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *