International News

0 0
Read Time:7 Minute, 1 Second

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ရှင်းလင်းမြင်သာစွာ မြင်တွေ့နေ ရပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားဆန်မှုကို ပြသပေးကြပါကြပါရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

 

D Day News

ဇွန်လ ၂၈

 

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ရှင်းလင်းမြင်သာစွာ မြင်တွေ့နေ ရပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားဆန်မှုကို ပြသပေးကြပါကြပါရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုလိုက်သည်။

 

ဇွန်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီ ၌ ၂၀၂၄ ခုနှစ်၊​ ဇွန်လအတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော တောင် ကိုရီးယားနိုင်ငံမှ ကြီးမှူး၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ (Children and Armed Conflict (CAAC)) ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

 

မတရား အာဏာသိမ်းရန် ကြိုးပမ်းသည့် စစ်တပ်သည် ကလေးငယ်များအား တရားလက်လွတ် ဖမ်း ဆီး၊ ချုပ်နှောင်၊ ထိန်းသိမ်းခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ တပ်သားစုဆောင်းခြင်းများ၊ လူသားဒိုင်းများအဖြစ် အသုံးချခြင်းများနှင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ယင်း ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်း များအား တိုက်ခိုက်ခြင်းများကို အတိအလင်း ကျုးလွန်ခဲ့သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အရင်းအနှီးကြီးကြီးပေးဆပ်နေရပြီး ပညာရေးနှင့် ကျန်းမာရေး အခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း၊အထူးသဖြင့် မိမိတို့၏ ကလေးငယ်များအနေဖြင့် ဘေးကင်း လုံခြုံစိတ်ချရသည့် ပညာ သင်ကြားခွင့် အခွင့်အရေးများ ဆုံးရှုံးနေခြင်းနှင့် ဗုံးခိုကျင်းများနှင့်ရွှေ့ ပြောင်းနိုင်သည့် စခန်းများတွင် စာသင်နေရခြင်းများ ထပ်ခါအလဲလဲ တွေ့မြင်နေရခြင်းမှာ အလွန်ပင် ကြေကွဲဖွယ် ကောင်းကြောင်း၊ ထို့ပြင် မလုံခြုံမှုနှင့် အခြားသော ကန့်သတ်ချက်များကြောင့် ကလေး ငယ် အများစုမှာ အခြေခံကျန်းမာရေးနှင့် အစာအဟာရ ရရှိရေးကိုပင် မရရှိဘဲဖြစ်နေကြောင်း သိရ သည်။

 

အာဏာသိမ်းစစ်တပ်၏ တရားမဝင် တပ်သားစုဆောင်းမှု အစီအစဉ်ကြောင့် ကလေးငယ်များ အပါ အဝင် ပြည်သူများ၏ ဒုက္ခကို ပိုမို ဆိုးရွားလာစေခဲ့ကြောင်း၊ ယင်းအစီအစဉ်ထွက်ပေါ်လာပြီးနောက် အိမ်ထောင်စုတိုင်း၊ အထူး သဖြင့် လူငယ်လူရွယ်များရှိသည့် မိသားစုများမှာ အကြောက်တရားဖြင့် နေထိုင်နေရကြောင်း၊ လူငယ်များအနေဖြင့်လည်း ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ အ သက် (၁၈) နှစ် အောက်ရှိသူများမှာ စစ်တပ်၏ တရားမဝင် တပ်သားစုဆောင်းမှုနှင့် လူသားဒိုင်း အဖြစ် အသုံးချ ခံရခြင်းမှ တိမ်းရှောင်နိုင်ရန် ပုန်းကွယ်နေရပြီး ပြည်တွင်းမှ ထွက်ပြေးနေရသည့် အပြင် စစ်တပ်၏ တပ်သားစုဆောင်းမှုစာရင်းတွင် ပါဝင်သည့် အချို့သော ကာယကံရှင် လူငယ် များနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းများကိုပင် လုပ်ဆောင်ခဲ့ကြသည် အထိ ရှိခဲ့သည်။

 

မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ ရင်ဆိုင်နေရသည့် ဆို့နင့်ဖွယ် အခြေအနေများ၏ အဓိက အရင်းအမြစ်သည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များ ဖြစ်သည်မှာ ရှင်းလင်းမြင်သာပြီး နေရပ်စွန့်ခွာမှုများ စားနပ်ရိက္ခာ မလုံလောက်မှု၊ ငတ်မွတ်မှုနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုတို့ အဆမတန် မြင့်တက်လာသည်နှင့်အမျှ မြန်မာ အရေးကိစ္စ အား ဖြေရှင်းနိုင်ရန် အဟန့်အတား မရှိသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ များ ရရှိရေးကို အဓိကနေရာမှ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

“နိုင်ငံတကာအနေဖြင့် ကျေးဇူပြု၍ နိုးထပေးကြပါ၊ လူသားဆန်မှုကို ဉီးစားပေးကြပါ၊ မိမိတို့၏ ကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးကြပါ၊ မိမိတို့၏ ပြည်သူများ၊ အထူး သဖြင့် ကလေးငယ်များနှင့် လူငယ်များ၏ အနာဂတ်ကို ပြန်လည် ဆောင်ကြဉ်းပေးကြပါ၊” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား သည်။

 

အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba က ကလေးငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်၊ နှစ်စဉ် အစီရင်ခံစာအား မိတ်ဆက်၊ တင်သွင်း၊ ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းနှင့် သက် ကြီးသူများ အဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌ Mr. Ban Ki-moon၊ UNCIEF Deputy Executive Director Mr. Ted Chaiban နှင့် Child Briefer တစ်ဦးတို့မှ ဆွေးနွေးသူများအဖြစ် ပါဝင်ခဲ့ကြပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၈၀ ကျော်မှ မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ကြောင်း သိရသည်။

 

အထူးသဖြင့် ကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ ၂၀၂၃ ခုနှစ်၊ နှစ်စဉ် အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ကလေး ငယ်များ ကြုံတွေ့နေရသည့် ကြီး လေးသော ချိုးဖောက်မှုများ (Grave Violations) များနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထား ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *