International News

0 0
Read Time:3 Minute, 14 Second

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လူ ၄၂ သန်း ဆင်းရဲမွဲတေသွားပြီး ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှု ရင်ဆိုင်နေရ

 

D Day News

ဇွန်လ ၂၅

 

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လူ ၄၂ သန်း ဆင်းရဲမွဲတေသွား ပြီး လူ ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရ ကြောင်း UNDP က ဇွန်လ ၂၄ ရက်နေ့တွင် တရားဝင် ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံတွင် ၃ နှစ် တာကာလအတွင်း လူလတ်တန်းစား လူဦးရေ ရှိမှုသည် ၅၀ ရာခိုင်နှုန်း ကျ ဆင်းသွားပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်း (သို့) ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေကြောင်း၊ ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်း UNDP က ထုတ်ပြန်ထား သည်။

 

မြန်မာနိုင်ငံအတွက် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေကြောင်း၊ ၂၀၂၀ ခုနှစ် မှ ၂၀၂၂ ခုနှစ် အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျ ခဲ့ရကာ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရံပုံငွေမလုံလောက်ဘဲ ရှိနေကြောင်း UNDP က အသိပေးထားသည်။

အဆမတန်ကြီးထွားလာနေသော လိုအပ်ချက်ကို တုံ့ပြန်ရန်မှာ စိန်ခေါ်မှုဖြစ်နေပြီး UNDP အနေဖြင့် လူပေါင်း ၂ သန်းကျော်ကို ကူညီခဲ့ပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ နှစ်ကုန်တွင်လူ ပေါင်း ၈ သန်း​အထိ ရောက်ရှိကူညီနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အကူအညီ နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၌ UNDP အနေဖြင့် ချဉ်းကပ်ပုံကို ပြန်လည် ဖွဲ့စည်းပုံဖော်ထား ကြောင်း အသိးထားသည်။

 

“လုပ်အားအတွက် ငွေသားပေးအပ် ထောက်ပံ့ခြင်း” အစီအစဉ်များအပြင် လယ်ယာကဏ္ဍမြှင့်တင် ခြင်းမှ ဒေသခံတောင်သူလယ်သမားများအတွက် အထောက်အပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ၊ ကျွန်ုပ်တို့သည် လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန်လုပ်ဆောင်နေ ကြောင်း သိရသည်။

 

ထို့အပြင် ရပ်ရွာမှ ဦးဆောင်သည့် ချဥ်းကပ်ကူညီမှုများဖြင့် စားနပ်ရိက္ခာ လက်လှမ်းမီမှုနှင့် ဆင်းရဲ မွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းသာမက နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *