Buddish News

0 0
Read Time:6 Minute, 15 Second

စစ်အာဏာရှင်တို့သည် တိုင်းပြည်ကို ရာသက်ပန်အုပ်ချုပ်နိုင်ရန် အလုံးစုံဖြိုချရေးနှင့် သုညအခြေ အ နေ ပြန်လည်စတင်ခြင်းဆိုသည့် အစီအစဉ်ကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေဟုဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး၏ တပည့်သံဃာ တော်များ ထုတ်ပြန်

 

D Day News

ဇွန်လ ၂၄

 

စစ်အာဏာရှင်တို့သည် ၎င်းတို့ရာသက်ပန် တိုင်းပြည်ကို အုပ်ချုပ်နိုင်ရန်အတွက် စစ်အာဏာရှင်စနစ် ၏ကျေးကျွန်များအဖြစ်သွတ်သွင်းမည့် လူအဖွဲ့အစည်းသစ်ကို တည်ဆောက်ရန်လူ့အဖွဲ့စည်းဟောင်း ကို ဖြိုချမည့် အလုံးစုံဖြိုချရေးနှင့်သုညအခြေအနေမှပြန်လယ် စတင်ခြင်းဆိုသည့် (Year Zero) အစီ အစဉ်ကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေပြီဖြစ်ကြောင်း ဝင်းနိမ္မိ တာရုံ ဆရာတော်ဘုရားကြီး၏ တပည့် သံဃာတော်များက တိုက်တွန်းထုတ်ပြန်သည်။

 

စစ်အာဏာရှင်တို့သည် ၎င်းတို့အလိုကျစေခိုင်း၍ရမည့် ဘာသာရေးအဖွဲ့အစည်းတစ်ရပ်ကို သွတ် သွင်းပြီး၊ ဥစ္စာပစ္စည်းများ၊ ငွေကြေးများဖြင့် စည်းရုံးနေသည်မှာ အချိန်တစ်ခု ကြာခဲပြီဖြစ်ကြောင်း၊ ဒီမိုကရေစီကိုလိုလားသော ပြည်သူများသည် ၎င်းတို့၏ အုပ်စိုးမှု့ကို လက်မခံသည့် အတွက် (၃)နှစ် ကျော်သည်အထိ ခိုင်မာသောဇွဲသတ္တိဖြင့် စစ်အာဏာရှင်တို့ကို ဆန့်ကျင်နေကြဆဲဖြစ်သည်။

 

ယခုအခါ ဘက်စုံကျဆုံးနေပြီး အင်အားချိနဲ့လာသော စစ်အာဏာရှင်တို့သည် သံဃာအဆောက်အဦး အား ၎င်းတို့အလိုကျ ကြိုးဆွဲစေခိုင်းအသုံးချရန်(လိုအပ်လျင် စစ်မြေပြင်သို့မောင်သွင်းရန်) နောက် ဆုံးအကဲစမ်းပွဲ တစ်ခုကို ပြင်ဆင်လျက်ရှိနေပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကဲသို့သော သံဃာလောက၏ အထင်ကရဆရာတော်ကြီးတစ်ပါးကို လုပ်ကြံ သတ်ဖြတ်၍ သံဃာအဆောက်အဦး၏ နာခံမှုကို အကဲစမ်းနေပြီဖြစ်ကြောင်း အသိပေးထားသည်။

စစ်အာဏာရှင်တို့သည် ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်နေ့တွင် မြင်းခြံမြို့၊—–ကျေးရွာမှ ဆရာတော် အား ရည်ရွယ်ချက်ရှိ့ရှိ့ထပ်မံ၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အလားတူ တစ်နိုင်ငံလုံးနေရာအနှံ့ ၊နေ့စဉ်နှင့်အမျှ၊ အချိန်နှင့်အမျှ ပြည်သူများသည် စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံနေရပြီး စစ်အာဏာသိမ်းသည်မှစ၍ မြန်မာပြည်သူတို့၏ အိုးအိမ်ပေါင်း တစ် သိန်း ခန့်(၁၀၀၀၀၀) မီးရှို့ဖျက်ဆီးခံထားရကြောင်း၊ ဆက်လက်၍လည်း နေစဉ်နှင့်အမျှ၊အချိန်နှင့် အမျှ နိုင်ငံအနှံ့ ဆက်လက်မီးရှို့ခံနေရကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးမှ ပြည်သူသန်းပေါင်းများစွာသည် စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေး၊စီးပွား

ရေးလုပ်ငန်းဆောင်တာများသည် အခြေခံမှစ၍ ပျက်ဆီးနေပြီဖြစ်ပြီး မြန်မာ့လူမှုဘဝ အဆောက်အ ဦကြီးသည် တစ်နေ့တစ်ခြား ပြိုကျနေပြီဖြစ်ကြောင်း သိရသည်။

 

သံဃာတော် အရှင်သူမြတ်တို့ဘုရား-

 

-မြတ်ဗုဒ္ဓရှင်တော်ဘုရား မိန့်တော်မှုထားသော တရားတော်များ၏ သာသနဝန်ကိုထမ်း၍ သာသနာ့ တော်ကို အလုပ်အကြွေးပြု့ရသည့်ဘဝမှ စစ်ဘုရား(စစ်ဘုရား) အမိန့်တော်ကို နာခံရသော စစ်နန်း တွင်းသာ သနာတော်အဆင့်ကိုသွတ်သွင်းနေသည်ကို သတိရှိ့တော်မှုကြပါဘုရား။

 

-သာသနာတော် အဆုံးအမဖြင့်နှစ်ပေါင်း ၁၀၀၀ကျော်ခိုင်မြဲလာခဲ့သော ဗုဒ္ဓဘာသာယဉ်ကျေးမှု့ လူ့အဖွဲ့အစည်းအဖြစ်မှ စစ်အာဏာရှင် ကြိုးဆွဲရာကရသော စစ်ကျွန်ယဉ်ကျေးမှု့ လူ့အဖွဲ့စည်းကို ဖော်ဆောင်နေသည်ကို သတိပြု့တော်မှုကြပါဘုရား။

 

-ဘုရားသာသနာကိုဖြိုချ၍ စစ်သာသနာကိုတည်ထောင်ရန်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု့ လူမှု့အဆောက် အဦးကို ဖြိုချ၍ စစ်ကျွန်လူမှု့အဖွဲ့အစည်း တည်ထောင်ရန် အားလုံးဖြိုချဖျက်ဆီးနေသော စစ်တပ်၏ ( Year Zero) အစီအမံကို ခုခံနေသော ပြည်သူနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်တို့ကို အနိုင်ရသည် အထိ အချိန်မနှောင်းမည်၊အခါမလွန်မည် ပူးပေါင်းပါဝင်ရန် အချိန်တန်ပါပြီဘုရား။

 

ပတ္တနိက္ကုဇ္ဇန မြန်မာပြန်

————————

သံဃာတော် အရှင်မြတ်များ ဘုရား၊ နားဆင်တော်မူကြပါ ဘုရား….။

ရုပ်ရင်း ကြမ်တမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်ပြီး မတရားပြုတဲ့ (ဤသူ၊ ဤသူ)တွေက သံဃာတွေကို အခြေအမြစ် မရှိတဲ့ အကြောင်းပြ စွပ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေပါပြီ၊ ဖမ်းဆီးချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြု နေပါပြီ ဘုရား…..။ ဘုရား တပည့် တော်များ အနေနဲ့ အဲဒီရုပ်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်သော (ဤသူ၊ ဤသူ) တွေကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း အသိပေးလျှောက်ထားပါတယ် ဘုရား………။

 

ဒီ သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဆိုစရာ ရှိပါက ပြောဆို နိုင်ပါတယ် …..ဘုရား။ ပြောမဲ့ဆိုမဲ့ မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုယင် ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…….ဘုရား။

 

ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး၏ တပည့် သံဃာတော်များက တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *