Nahtogyi News

0 0
Read Time:1 Minute, 59 Second

နွားထိုးကြီးနှင့်မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို လှည့်ပတ်နေသော စစ်သားများကို မိုင်းဆွဲ ပစ် ခတ်တိုက်ခိုက်မှု စစ်သား၊ ရဲ ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၄

 

မန္တလေးတိုင်း၊ နွားထိုးကြီးနှင့်မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို လှည့်ပတ်မီးရှို့နေသော အကြမ်း ဖက်စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း 8 Star မြင်းခြံ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၂ ရက်နေ့က နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို လှည့်ပတ်မီးရှို့ပြီး ခိုးယူ လုယက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ် သားများကို နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းကျေးရွာအရောက် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော RPG အဖူး ၃ ဖူး၊ အီနာဂါ ၅ လုံး၊ လက်ပစ်ဗုံး fuze နှစ်ခု ၊ ၆၀ အဖူး ၁ ဖူး၊ ဖုန်း ၂ လုံး ၊ MA ကျဉ်ဘောက် ၃ ခု ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း မြင်းခြံ – နွားထိုးကြီး လမ်းပိုင်းတွင် အကြမ်းဖက်စစ်သား၊ ရဲ များ လိုက်ပါလာသော 4×4 ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ တစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *