Myinmu News

0 0
Read Time:3 Minute, 39 Second

မြင်းမူမြို့နယ်တွင် ကြေးနီတင်စစ်ယာဉ်တန်းနှင့် ကင်းစောင့် စစ်သားများကို အကြိမ်ကြိမ် ဗုံးကျဲ၊ မိုင်း ဆွဲ တိုက်ခိုက်

 

D Day News

ဇွန်လ ၂၃

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင် ယာဉ်တန်းနှင့် လုံခြုံရေးကင်းစောင့် စစ်သားများကို အကြိမ်ကြိမ် ဗုံးကျဲ ၊မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu ထံမှ သိရသည်။

 

ဇွန်လ ၂၂ ရက် ညနေ ၆ နာရီခန့်က မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့် အလ္လကပ္ပကျေးရွာကြားရှိ ရေဦးဆီ ဆိုင်တွင် အထိုင်ချကာ ကြေးနီသယ်ဆောင်မည့် ယာဉ်တန်းကို လုံခြုံရေးယူနေသော အကြမ်းဖက် စစ်သားများကို Fixed Wings Drone ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့နှင့် အလ္လကပ္ပကျေးရွာကြား ဒိ့မြန်မာဆီဆိုင်အကျော်၌ အထိုင်ချကာ ကြေးနီသယ် ယာဉ်တန်းကို လုံခြုံရေးယူပေးနေသော အကြမ်းဖက်စစ်သားများကို Fixed Wings Drone ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၂ ရက် နံနက် ၁၀ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လုံခြုံ ရေးလိုက်ပါလာသည့် ကားများအပါအဝင် ၂၃ စီးပါ ကြေးနီတင်ယာဉ်တန်းကို လုံခြုံရေးယူပေးရန် မြင်းမူမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Fixed Wings Drone ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် နံနက် ၉ နာရီ ၅၆ မိနစ်အချိန်ကလည်း မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ထွက် လာသော ကြေးနီများသယ်ဆောင်လာသည့် ယာဉ်တန်းမှ အကြမ်းဖက်စစ်သား ၁၅ ဦးခန့်လိုက်ပါလာ သည့် ၆ ဘီးကားတစ်စီးကို မြင်းမူမြို့နှင့်အလ္လကပ္ပကျေးရွာကြားတနေရာတွင် ရှေ့ထွက်မိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားကို ထိထိမိမိထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရ ရှိခဲ့ကာ မြင်းမူမြို့ဆေးရုံ၌ ဆေးကုသမှုခံယူသွားကြောင်း၊ ထို့နောက် စစ်ကိုင်းဘက်သို့ ဆက်လက် မောင်းနှင်သွားကြောင်း သိရသည်။

 

ဇွန်လ ၆ ရက် နံနက် ၁၀ နာရီအချိန်ကလည်း မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ထွက်လာသည့် ကြေးနီ တင်ယာဉ်တန်းကို မြင်းမူမြို့နှင့် အလ္လကပ္ပကျေးရွာကြားတွင် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ၂ ကြိမ် မိုင်း ဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို People’s Knight Defense Force Myinmu (PKDF-MMU) တပ်ဖွဲ့ဝင် များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မုံရွာ -မန္တလေးလမ်းမကြီးပေါ် အကြမ်းဖက်စစ်တပ် အထိုင်စခန်းများ၊ ကင်းပုန်းများ အထပ်ထပ် ချထာားသည့်ကြားမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲ၊ ဗုံးကျဲ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *