0
0
Read Time:59 Second
ကဗျာကဏ္ဍ “ပြည်ပျက်စေရာ လက္ခဏာ”
ပျိုးကြဲလက်
အခွန်ပေးငြား ၊ ရှင်ရွေးမှားက
တရားကင်းပျောက် ၊ ပြည့်ဝမ်းမှောက်အံ့ ။
ပြည်သူနှင့်ကင်း ၊ ပြည့်ဦးကင်းသည်
မှားယွင်းစဥ်ဆက် ၊ နိုင်ငံဖျက်အံ့ ။
ပြည့်တံခွန်မှောက် ၊ ဓမ္မပျောက်က
ကျရောက်သေချာ ၊ ပြည်ရွာနာအံ့ ။
တိမ်ဖုံးပါပေ့ ၊ ပြည့်မျက်စေ့ဝယ်
ဝန်မေ့ပုန်းရှောင် ၊ ပြည်လုံးမှောင်အံ့ ။
ပြည့်စွယ်အများ ၊ ဆုံးဖြတ်မှားက
လာဘ်စားဘက်လိုက် ၊ ပြည်ထောင်ခိုက်အံ့ ။
တိုင်းပြည့်မျက်နှာ ၊ ညှိုးငယ်လာလျှင်
အနာဂတ်ဝယ် ၊ အာဏာကွယ်အံ့ ။
ပြည့်ခြေလက်တွေ ၊ ဝန်မကျေက
ရွှေပြည်မျက်မှောက် ၊ သောကရောက်အံ့ ။ ။
ပျိုးကြဲလက်
ရေးသားချိန် = ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် ည ၁၁ နာရီ ၅၃ မိနစ်
D Day News