Humanright News

0 0
Read Time:7 Minute, 1 Second

“တရားမဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်ရှုမွန်းကြပ်နေတဲ့ နိုင်ငံကို မြင်တွေ့နေရပါပြီ” လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြ

 

  • မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး ဆိုင်ရာ အခြေအ နေ များနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) ၏ သက် ဆိုင်ရာ အစီရင်ခံစာကို NUG အစိုးရ ကြိုဆို

 

D Day News

ဇွန်လ ၂၂

 

“တရားမဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်ရှုမွန်းကြပ်နေတဲ့ နိုင်ငံကို မြင်တွေ့နေရပါပြီ” လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၈ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၆ ကြိမ်မြောက် အစည်း အဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်ပြရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရး ချိုးဖောက်ခံနေရမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တရားမ၀င်အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်ရှုမွန်းကျပ်နေတဲ့နိုင်ငံကို ကျွန်တော်တို့ မြင်တွေ့ နေရပါပြီ” ။ စင်စစ်အားဖြင့် “လူ့အခွင့်အရေးဆိုင်ရာအခြေအနေမှာလည်း အရှိန်အဟုန်နဲ့ ဆက်လက် ဆုတ် ယုတ်နေပါတယ်” ဟု မဟာမင်းကြီးကရုံးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြော ကြားခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မဖမ်းဆီးခံရပြီး စစ်တပ်အတွင်း သွပ်သွင်းခံရသူများ

ထို့အတူ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာတွင် အကြမ်း ဖက် စစ်အုပ်စုသည် လူနည်းစုအသိုင်းအဝိုင်းများအပါအဝင် အရပ်သားများအပေါ် လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချိုးဖောက်မှုများနှင့်ချိုးဖောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများသည်“ပိုမိုဆိုးရွာစွာ ကျဆင်းနေတယ်” ဟု ထုတ်ပြန်ရာ ၌ ဖော်ပြထားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ထိခိုက်ခံစားနေကြရသော အသိုက် အဝန်းများ ထဲတွင် ရခိုင်၊ ချင်း၊ ကရင်၊ ရိုဟင်ဂျာ နှင့် ကရင်နီမှလူနည်းစု အသိုက်အဝန်းများ ပါဝင် ကြောင်း OHCHR အစီရင်ခံစာ၌ ဖော်ပြထားသည်။

 

ရိုဟင်ဂျာအပါအဝင် မြန်မာလူငယ်များကို အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီး ခေါ် ဆောင်ခြင်းများတရားမ၀င် ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ရက်စက် ကြမ်းကြုတ်ပြီး ထိတ် လန့် ဖွယ်ကောင်းသောရာဇ၀တ်မှု အမျိုးစုံအပြင် စုပေါင်းပြစ်ဒဏ်မှုကို ထပ်မံကျူးလွန်လာနေ ကြောင်း ဖော်ပြလျက်ရှိသည်ဟု ဆိုသည်။

 

ရခိုင်ပြည်နယ်တွင် ဆိုးရွားသော အခြေအနေများကြောင့် ရိုဟင်ဂျာနှင့် ရခိုင်ပြည်သူများသည် ပဋိပက္ခ များ ပြင်းထန်နေသော ရွာများမှ ထွက်ပြေးနေရကြောင်း၊အရပ်သားများ၊ ၎င်းတို့၏ နေအိမ် များနှင့် ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အ ကူအညီများ အရေးပေါ်လိုအပ်နေသူများထံ အမြန်ဆုံး ရောက်ရှိစေရန် ကြိုးပမ်းရာတွင် တုံ့ဆိုင်းမနေ သင့်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောကြားခဲ့သည်။

 

မဟာမင်းကြီး၏ အစီရင်ခံစာပါ အကြံပြုချက်များချမှတ်မှုကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါ ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်သည် တော်ကျင့်ဝတ်များ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေဆိုင်ရာ တာဝန်များကို အပြည့်အဝ ကတိ ပြုကြောင်း၊ မြန်မာနိုင်ငံရှိအကျိုးသက်ဆိုင်သူများနှင့် အင်အားစုများ အားလုံးအနေဖြင့်လည်း အဆိုပါ စံနှုန်းများအတိုင်း ရပ်တည်ရန်လည်း မျှော်လင့်ကြောင်း NUG အစိုးရ က ထုတ်ပြန်ထားသည်။

 

တချိန်တည်းမှာပင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် အရပ်ဘက် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် အသက်ရှင်သန်ရေးအတွက် လိုအပ်သော မရှိမ ဖြစ် လိုအပ်သော ပြည်သူ့ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိကြောင်း သိရသည်။

 

OHCHR ၏ အစီရင်ခံစာတွင်လည်း –

 

အဆိုပါ ကြိုးပမ်းမှုများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်ရေးရာ အုပ်ချုပ်ရေးတွင် စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိသည့် ဒီမိုကရေစီ နိုင်ငံတော်ဆီသို့ ဦးတည်သည့် မျှော် မှန်း ချက်ကို ပေးဆောင်သည့် ပဏာမခြေလှမ်းဖြစ်သည်။

 

စစ်တပ်ကို ဆန့်ကျင်သည်မှာလက်နက်ကိုင်လှုပ်ရှားမှုများ နှင့် ငြိမ်းချမ်းစွာ ဆန့်ကျင်တွန်းလှန်မှုများ စသည်ဖြင့် ကွဲပြားပြီးမဆုတ်မနစ် ကြိုးပမ်း လျက်ရှိကြသည်။ သို့တိုင်စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး လုံးဝကင်းစင်သောအနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံကိုရှုမြင်ရာတွင် အမျိုးမျိုးသော အင်အားစုများ အနေဖြင့် တဖြည်းဖြည်း ပိုမိုညီညွတ်လာနေကြပြီဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရသည် လူမှုပေါင်းစည်းမှုမြှင့်တင်ရေး၊ လူမျိုးရေး အပြန်အလှန် ညှိနှိုင်း ဆွေးနွေးရေးနှင့် တိုင်းရင်းသား လူမျိုးရေး နှင့်ဘာသာရေး အသိုက်အဝန်းအားလုံး၏ အခွင့်အရေးများ ကိုမြှင့်တင်ရန်လည်း အပြည့်အဝ ကတိပြုပါသည်။ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်မှု နှင့် သဘောထားကြီးမှုများကို လည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံရှိတိုင်းရင်းသား အသိုက်အဝန်းများအကြား သဘောထားကွဲလွဲမှုကို ချူပ်ငြိမ်းရန် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် မြန်မာပြည်သူများ စည်းလုံးညီညွတ်မှုတည်မြဲရေး အတွက် စွမ်းဆောင်ပေးမှု ပေါ် မဟာမင်းကြီး Türk နှင့် OHCHR ၏ မြန်မာအဖွဲ့အားထပ်လောင်း ကျေးဇူးတင် ရှိပါသည်။

 

ဟု ဖော်ပြထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *