Political News

0 0
Read Time:2 Minute, 48 Second

အမေရိကနိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က K3C အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

 

D Day News

မတ်လ ၃၀

အမေရိကနိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က K3C အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း ၎င်း၏ တွစ်တာလူမှုန်ကွန်ယက်မှ တဆင့် အသိပေးထားသည်။

 

ယမန်နေ့ မတ်လ ၂၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့်  ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ခေါင်းဆောင်များတွေ့ဆုံကာ နိုင်ငံတကာအသိုင်းအဝန်းအနေ ဖြင့် ကူညီထောက်ပံ့မှုများ တိုးမြှင့်ရေးနှင့် မြန်မာပြည်သူများ၏ အနာဂတ်ဘဝ လုံခြုံမှုဖြစ်စေမည့် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုး သား တပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) တို့သည် NUG နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဘုံသဘောတူညီချက် လမ်းပြမြေပုံကို တရားဝင် ပူးတွဲထုတ်ပြန်ကြေညာခဲ့ကြသည်။

 

အမေရိကနိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက် နေ့က လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တွေ့ဆုံကာ အကြမ်းဖက်စစ်တပ်က အာဏာ သိမ်းပြီးနောက် ၃ နှစ်အတွင်း တွေ့ကြုံခဲ့ရသည့် မြန်မာပြည်သူများ၏ အကြပ်အတည်းကိုဖြေရှင်းနိင် ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲတွင် NUG နှင့် K3C တို့ပူးတွဲထုတ်ပြန်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ဘုံသဘောတူညီချက် လမ်းပြမြေပုံကို ထောက်ခံကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေးအတွက် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က ပြောဆိုခဲ့ကြောင်း သိရသည်။

Photo – ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet တို့တွေ့ဆုံစဉ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *