ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွား
Ø ဆီဆိုင်မြို့နယ်၊ လွယ်မောဒေသပြည်သူများ ရွာအပြင်ထွက်ခွင့် ပိတ်ပင်ခံရပြီး ရဟန်းသံဃာ များပါ ခြိမ်းခြောက်ခံရ
D Day News
ဇွန်လ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ သဘက်ကျေးရွာအုပ်စု၊ နောင်စကာကျေးရွာအနီးတွင် စစ် ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက အင်းအား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက် ကြီးများရမ်းသန်းပစ်ခတ်ခြင်း ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
အလားတူ သဘက်ချောင်းအနောက်ဘက်ကမ်းရှိ ရွှေတဂူဘုရားကိုလည်း စစ်ကောင်စီက ဒုတိယ အ ကြိမ် လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ဆီဆိုင်မြို့နယ်၊ လွယ် မောတောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီနှင့်စစ်ကောင် စီလက်အောက်ခံ PNO ပြည်သူ့စစ်များက လက်နက်ကြီးများဖြင့် တဖက်သတ် ရမ်းသမ်း ပစ်ခတ်မှုပြုလုပ်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ဇွန်လ ၂၁ ရက်တွင် ရပ်ရွာ များ အား အစည်းအဝေးခေါ်ယူပြီး ဒေသခံများအား ရွာအပြင်သို့ ထွက်ခွင့်မပြုဟု ခြိမ်းခြောက် ပြောဆိုခဲ့ သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်နှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွာသူ ရွာသူများအနေဖြင့် ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့များဟု သတ်မှတ်ကာ ပစ်ခတ်မည်ဟု စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ရွာသားများကို ရပ်ရွာများအား အစည်းအဝေးတွင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ရဟန်း သံဃာတော်များအနေဖြင့်လည်း သတိထားသွားလာ ဆင် ခြင်ကြရန်နှင့် နောင်တွင် ရဟန်းသံဃာများကိုပါ စစ်ဆေးမည်ဖြစ်ပြီး အစစ်ဆေးမခံပါက PNO ရဲ ဘော်များ၏ အမှား မဟုတ်၊ သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု လွယ်မောဒေသရှိ ရဟန်းသံဃာများကို ပြည်သူ့ စစ်က ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့်PNOပြည်သူ့စစ်က လွယ်မောတောင်ဒေသတွင် ကျေးရွာအတွင်းနေထိုင်ခြင်း လက် နက်ကြီးများဖြင့် တောင်ယာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း ပြည်သူများအား ရွာပြင်ထွက်ခွင့် မပြု ခြင်းများကြောင့် ကလေးငယ်များ စာသင်ခွင့်ဆုံးရှုံးနေသည့်အပြင် ဒေသခံပြည်သူများလည်း တောင် ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိသေးပေ။
D Day News