UN News

0 0
Read Time:3 Minute, 45 Second

မြန်မာအပါအဝင် ဆူဒန်၊ ယူကရိန်း၊ ကွန်ဂိုစသည့်နိုင်ငံတို့မှ လူပေါင်း သန်း ၁၂၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ (ရုပ်သံ)

 

D Day News

ဇွန်လ ၂၂

 

မြန်မာနိုင်ငံအပါအဝင် ဆူဒန်၊ ယူကရိန်း၊ ကွန်ဂိုစသည့်နိုင်ငံတို့မှ လူပေါင်း သန်း ၁၂၀ ကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားသည်။

 

ကမ္ဘာ့ ဒုက္ခသည်များနေ့ သတင်းစကားပြောကြားရာတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဆူဒန်ကနေ ယူကရိန်း၊ အရှေ့အလယ်ပိုင်းမှသည် မြန်မာနဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွေ သာမက တခြားဒေသတွေမှာပါ ပဋိပက္ခ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ မတည်မငြိမ်ဖြစ်မှုတွေကြောင့် စံချိန်တင် လူဦးရေ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားတဲ့ လူသားဘေးဒုက္ခ တွေနဲ့ ကြုံတွေ့ ခံစားနေကြရပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ကိန်းဂဏန်းများအရ ကမ္ဘာတစ် ဝန်း မှာ ဒုက္ခသည် ၄၃.၅ သန်းအပါအဝင် လူပေါင်း သန်း ၁၂၀ ကျော်ဟာ အတင်းအကျပ် အိုးအိမ်စွန့် ခွာ ထွက်ပြေးခဲ့ရပါတယ်။” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း ၃ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ၁ ဒသမ ၃ သန်းသည် နယ်စပ်ဖြတ်ကျော်နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း UNHCR က ထုတ်ပြန်ထားသည်။

 

အလားတူ ဆူဒန်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်ပွဲစတင်ချိန်မှစ၍ လူ ပေါင်း ၇ သန်းကျော် ပြည်တွင်း နေရပ်စွန့်ခွာခဲ့ရကာ ၁ ဒသမ ၉ သန်းသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်ကုန်၌ UNRWA ၏ ကူညီစောင့်ရှောက်ခွင့်အောက်တွင် ပါလက်စတိုင်း ဒုက္ခသည် ၆ သန်း ရှိပြီး ၁ ဒသမ ၇ သန်းသည် ဂါဇာကမ်းမြောင်ဒေသတွင် ရှိနေကြောင်း၊ တစ်ကမ္ဘာလုံးတွင် အာဖဂန် နစ်စ္စတန်နိုင်ငံ၊ အာဖဂန်လူမျိုး ၁၀ ဒသမ ၉ သန်းနီးပါးသည် နေရပ်စွန့်ခွာနေရဆဲဖြစ်ပြီး အများစုမှာ ၎င်းတို့၏ နိုင်ငံတွင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်တွင် ကြီးမာသည့် စစ်ပွဲဖြစ်ခဲ့သော ယူကရိန်းနိုင်ငံတွင် ဒုက္ခသည် ၆ ဒသမ ၅ သန်း သည် ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာနေရဆဲဖြစ်ပြီး လူပေါင်း ၃ ဒသမ ၇ သန်းသည် နိုင်ငံအတွင်း၌ နေရပ် စွန့်ခွာနေရဆဲဖြစ်ကြောင်း သိရသည်။

 

ကွန်ဂိုနိုင်ငံသည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကစ၍ အတင်းအကြပ်နေရပ်စွန့်ခွာရမှုများ စတင်ခဲ့ပြီး နိုင်ငံ ၏ အရှေ့ပိုင်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမှုကြောင့် ကွန်ဂိုလူမျိုး ၇ ဒသမ ၉ သန်း နေရပ် စွန့်ခွာနေရကြောင်း၊ ဆီးရီးယာနိုင်ငံတွင် လူပေါင်း ၁၃ ဒသမ ၈ သန်းသည် နိုင်ငံတွင်းနှင့်နိုင်ငံပြင်ပ တွင် နေရပ်စွန့်ခွာနေရဆဲဖြစ်ကြောင်း UNHCR ထုတ်ပြန်ချက်အရ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *