Bago News

0 0
Read Time:2 Minute, 31 Second

ဖြူးမြို့နယ်၊ ကျွဲနယ်ကုတ်ကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ကျန်စစ်သားများ စခန်းစွန့်ခွာထွက်ပြေး၊ သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၁

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကျွဲနွယ်ကုတ်ကျေးရွာရှိအကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ကျန်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၀ ရက် ည ၁၁ နာရီခန့်က ဖြူးမြို့နယ်၊ ကျွဲနွယ်ကုတ်ကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားတစ်ဦး သေဆုံးပြီး ကျန်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိသည်။

ထိုသို့ အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားသဖြင့် သိမ်းပိုက်ရရှိသည့်စခန်းကို နယ်မြေရှင်း လင်း စဉ် ခြောက်လုံးပြူး သေနတ် ၁ လက်၊ အူဇူ သေနတ် ၁ လက်၊ G3 ကျည်ဘောက် ၄ ခု၊ G3 ကျည် ၁၉၈ တောင့်၊ အူဇီ ကျည်ဘောက် ၄ ခု၊ MA 1 ကျည် အတောင့် ၂ဝ ၊ 38 ကျည် ၁၆ တောင့်၊ 9mm ကျည် အတောင့် ၆၀ တို့ကို သိမ်းဆည်းရရှိခဲ့ကာ စခန်းကို အပြီးတိုင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO (ဖြူး ပကဖ) ၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ PDO (သာယာဝတီခရိုင် ပကဖ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အာဠာဝက စစ် ကြောင်း နှင့် KNLA ပူးပေါင်း မဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နှင့် တော်လှန်ရေး အဖွဲ့များသည် ရန်ကုန်-မန္တလေး လမ်းဟောင်း ဖြတ်သန်းရာ ဖြူး မြို့ ပတ်ခြာလည်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်နေပြီဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *