Buddish News

0 0
Read Time:3 Minute, 38 Second

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီးနှင့်တကွ နိုင်ငံအနှံ့ရှိ ပြည်သူများအပေါ် လက်လွတ် စပယ် သတ်ဖြတ်နေသော စစ်တပ်ကို အဆုံးသတ်ရန် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူ များ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်း

 

D Day News

ဇွန်လ ၂၁

 

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့်တကွ နိုင်ငံအနှံ့ရှိ ပြည်သူများအပေါ် လက်လွတ် စပယ်သတ်ဖြတ်နေသော စစ်တပ်ကို အဆုံးသတ်ရန် မြန်မာနိုင်ငံ တဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူများအားလုံး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် ဆရာတော် ဘုရား၏ တပည့်သံဃာများက ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

 

ဆရာတော်ဘုရားကြီးအား စစ်တပ်မှ လက်လွတ်စပယ် ပစ်ခတ်သတ်ဖြတ်ခြင်းနည်းတူ တစ်နိုင်ငံ လုံးမှ ပြည်သူများအား စစ်တပ်မှ အကြောင်းမဲပစ်ခတ်သတ်ဖြတ်နေမှု့များ၊ ကျေးရွာများ၊ မြို့ပြများ အားနေ့စဉ်မီးရှို့နေခြင်း၊ပြည်သူတို့၏ ပစ္စည်းဥစွာများအား အချိန်နှင့်အမျှလုယက်နေခြင်းများ သည် တစ်နေ့တစ်ခြားပိုမို၍ ဆိုးရွားလာနေကြောင်း အဆိုပါ တိုက်တွန်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

 

စစ်အာဏာရှင်တို့၏ အကြမ်းဖက်သတ်ဖြတ်မှု့များသည် ရဟန်းရှင်လူ၊ပြည်သူမရွေး၊ဘာသာမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး မည်သူအပေါ်မဆို အချိန်မရွေး ကျရောက်လာနေပြီဆိုသည်ကို ဆရာတော်ဘုရားကြီးမှ ခန္ဓဝန်ကို စွန့်၍ တပည့်သံဃာအပေါင်းအား သိမြင်စေခဲ့ပြီဖြစ်သည်ဟု ဆို သည်။

 

ဗုဒ္ဓဘာသာ ရဟန်းတော်များအနေဖြင့် စစ်အာဏာရှင်တို့ကြောင့် တစ်နေ့တစ်ခြားယုတ်လျော့ကျဆင်း လာနေသော သာသနာတော်ကို ပြန်လယ်တည့်မတ်စေရန်နှင့် စစ်အာဏာရှင်တို့ကြောင့်ဒုက္ခမျိုးစုံကြုံတွေ့နေရသော ပြည်သူများအပေါ် မေတ္တာရှေ့ထားတော်ပြီး ဆောင်ရွက်ဖွယ်ရာ ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မှုရန် အချိန်ကျရောက်လာပြီ ဖြစ်ကြောင်း လျှောက်ထားအပ်ပါကြောင်း တိုက်တွန်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုကဲ့သို့ ဆရာတော်ဘုရားကြီးနှင့်တစ်ကွ နိုင်ငံအနှံ့ရှိ့ပြည်သူများအား စစ်တပ်မှ လက်လွတ် စပယ် သတ်ဖြတ်နေခြင်းများအား အဆုံးသတ်နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ရဟန်းရှင်လူ ပြည် သူများနှင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လျှောက်ထားအပ်ပါသည် ဆက်လက်ဖော်ပြထားသည်။

 

စစ်တပ်၏ လက်လွတ်စပယ်သတ်ဖြတ်မှုကို ခံခဲ့ရသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘုရား ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် စဉ်ဆက်မပြတ် ပရိယတ္တိစာပေများ ပိုချပေးခြင်းနှင့် ပရိယတ္တိ စာပေ ကျမ်းဂန်များစွာကို ပြု့စုရေးသားစီရင်တော်မှုခြင်းဖြင့် သာသနာဝန်ကို အကြားအလတ် ထမ်းဆောင် နေသော စာသင်သားတပည့်များစွာ၏ ဂန္ထဝါစက ဆရာတော်ကြီးတစ်ပါး ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *