Ye Phyu News

0 0
Read Time:6 Minute, 0 Second

ရေဖြူမြို့နယ်၊ မျောက်ချောရွာအအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၃၀ ဦးထက်မနည်း သေဆုံး၊ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် မျောက်ချောရွာကို ဗုံးကြဲပစ်ခတ်ကာ ဝင်ရောက်မီးရှို့မှု ကြောင့် နေအိမ်အလုံး ၃၀ ခန့်ပျက်စီး

 

D Day News

ဇွန်လ ၂၁

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောရွာအနီးတိုက်ပွဲတွင် အကြမ်းဖက် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး အကြမ်းဖက်စစ်တပ်က မျောက်ချောကျေးရွာကို လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲပစ်ခတ်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၃၀ ခန့်ပျက်စီးခဲ့ကြောင်း Mon State Revolution Force – MSRF ထံမှ သိရသည်။

 

ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခန့်က ရေး – ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရေဖြူမြို့ နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချေကျေးရွာဘက်သို့ အင်အား ၁၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို မျောက်ချောကျေးရွာအနီး ကွမ်းသီးခံများအတွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“စခဘက်က အနည်းဆုံး ၃၀ သေတယ်၊ ဒဏ်ရာရတာ ၂၀ ထက်မနည်းရှိတယ်၊ ဘာဖြစ်လို့ ဒီလို ပြော နိုင်သလဲဆိုရင် ရှေ့တန်းစစ်မျက်နှာမှာ တိုက်နေတဲ့ ရဲဘော်တွေတောင်မှ လန့်သွားတယ်၊ တိုက် ပွဲဖြစ် တာက ၈ နာရီ ပတ်ဝန်းကျင်လောက်မှာ စခတွေဘက်က ၁၂၀ ၊ ၁၂၂ ၊ ၈၁ မမတွေနဲ့ စပစ်တယ်၊ ကျ နော် တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်တုန့်ပြန်တယ်၊ နောက်ဒရုန်းတွေနဲ့ ပြန်တုန့် ပြန် တယ်။ သူတို့အခြေအနေကို ကြည့်တဲ့အခါကျတော့ သူတို့ တက်လာမှာ သိတဲ့အတွက်ကြောင့် အသေ အချာ နေရာယူပြီးတော့ စောင့်တယ်။ လက်နက်ကြီးပစ်တာတွေရပ်ပြီးတော့ တက်လာတဲ့အခါကျ တော့ ဒီအတိုင်းကြီးလျှောက်ဝင်လာတာ။ ထိုးစစ်ဆင်တာ မဟုတ်ပဲ ဒီအတိုင်းကြီး လျှောက်ပြီးတော့ ဝင်လာတာ။ ပစ်တာလည်း မဟုတ်ဘူး။ အဲဒီမှာ ကျနော်တို့ စပြီးတော့ ပစ်ချလိုက်တာပေါ့။ အဲလို ပစ်ချတိုက်တော့ အတုံးအရုန်းနဲ့ လဲကျသွားတယ်၊ ခဏကြာတော့ ပျောက်သွားပြီးတော့ နောက် တစ် သုတ်လည်း အဲဒီပုံစံပဲ တက်လာတယ်။ စကစက တပ်သားတွေကို ဆေးတစ်ခုခုကျွေးပြီးတော့ တက် ခိုင်းတယ်လို့ ယူဆရတယ်။ မူးယစ်ဆေးသော်လည်းကောင်း၊ စိတ်ကြွဆေးသော်လည်းကောင်း ပေါ့ နော်။ နို့မဟုတ်ရင် ဒီလို တက်လာမှာမဟုတ်ဘူး။ ဒီလိုသတင်းမျိုးက အရင်တုန်းကလည်း တိုက်ပွဲ တွေမှာ ကြားဖူးတာပေါ့၊ အခုတော့ ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် မြင်ခဲ့ရပြီ၊ အဲဒါကြောင့် ၃၀ လောက် ကျတယ်လို့ ပြောလို့ရတာ၊ ပြီးတော့ တိုက်ပွဲက တော်တော်လေးနီးကပ်တယ်။ အဲဒါ ကြောင့် လည်း ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်က တက်ဆွဲလို့ MA 2 သေနတ်တစ်လက်ရတာပေါ့” ဟု Mon State Revolution Force – MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောကြားသည်။

ယင်းတိုက်ပွဲသည် ညနေ ၃ နာရီခန့်အထိကြာမြင့်ခဲ့ပြီး MSRF မှ ရဲဘော် ၂ ဦး၊ ABSDF မှ ရဲဘော် ၁ ဦး၊ KBDF မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် အထိနာသောအကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူယူကာ အင်အား ထပ်မံတိုးပြီး ဆက်လက်ချီတက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေးလိုက် ရကြောင်း၊ အကြမ်းဖက်စစ်သားများသည် မျောက်ချောကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး ပြည် သူ့နေအိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးကာ တပ်စွဲထားကြောင်း သိရသည်။

 

“လေယာဉ်နဲ့က မွန်းလွဲ ၁ နာရီခွဲလောက်က ၄ ခေါက်လာပစ်တယ်၊ တိုက်ပွဲစဖြစ်တဲ့အချိန် ကတော့ အင်အားက ၁၄၀ လောက်ပဲ။ နောက်ထပ် ၁၀၀ ကျော်လည်း ထပ်ရောက်လာတယ်။ သူတို့ဘက်က အဲလိုအင်အားတိုးမြှင့်လာတဲ့အပေါ်မှာ ပြန်ဆုတ်လိုက်ရတာ။ ကျနော်တို့ ဆုတ်ပြီးတော့ သူတို့က မျောက်ချောရွာဘက်ကိုသွားတယ်၊ မျောက်ချောရွာထဲကို လက်နက်ကြီးတွေနဲ့ထုတယ်၊ ပြီးတော့ သေနတ်ပစ်ဖောက်ပြီးတော့ ရွာထဲကို ဝင်သွားတယ်။ ရွာထဲရောက်ပြီးတော့ သူတို့ကို မြင်နိုင်တဲ့ နေရာတွေ၊ ဈေးဆိုင်တွေမီးရှို့ပစ်တယ်။ အားလုံးအိမ်ပေါင်း ၃၀ လောက်တော့မီးလောင်ဆုံးရှုံးတယ် လို့သတင်းကြားရတယ်၊ ပြည်သူတွေက ထွက်ပြေးနေရဆဲဆိုတော့ စခတွေက အိမ်တွေကို ဖောက် ထွင်းပြီး ပစ္စည်းယူနေလောက်ပြီ။ ဒါကြောင့်လည်း ဒီမနက်အထိ မပြန်သေးဘူး။ “ဟု Mon State Revolution Force – MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ရှင်းပြသည်။

 

အဆိုပါ အကြမ်းဖက်စစ်သားများကို  မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ဒေါနစစ်ကြောင်း၊ ABSDF၊ KBDF ၊ YGF၊ ရေးသိမ်းငှက် ၊ Air Force – YAF ၊ NMSP -AD အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများမှာ ခလရ ၄၀၉ တပ်ရင်း၊ ၂၈၂ တပ်ရင်းတို့အပါ အဝင် တပ်ရင်း လေးငါးခု ပေါင်းထားသည့် တပ်သားများဖြစ်ကြောင်း၊ ရေး -ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် အကြမ်းဖက်စစ် ခေါင်းဆောင်များက အမိန့်ပေးထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *