UN News

0 0
Read Time:7 Minute, 18 Second

မတရားစစ်သားစုဆောင်းမှုအောက်တွင် မိန်းကလေးငယ်များအတွက် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှု ခံရနိုင်ပြီး အထူးစိုးရိမ်စရာ ကောင်းသည်ဟု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

 

  • ဖက်ဆစ်စစ်တပ်ချုပ်ငြိမ်းမှသာ မြန်မာပြည်သူများအတွက် အနာဂတ်နှင့်ငြိမ်းချမ်းရေး ပြန်လည်တည် ဆောက် နိုင်မည်ဖြစ်

 

D Day News

ဇွန်လ ၂၁

 

အကြမ်းဖက်စစ်တပ်၏ မတရားအတင်းအဓမ္မစစ်သားစုမှုအောက်တွင် မိန်းကလေးငယ်များ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရနိုင်ပြီး အထူးစိုးရိမ်စရာကောင်းသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကထောက်ပြပြောကြားသည်။

 

ဇွန်လ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၁၅ ခုနှစ်က အတည်ပြုချမှတ်ခဲ့ သည့် အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် 69/293 ကို အမှူး ထားလျက် (၁၀) နှစ်မြောက် “International Day for the Elimination of Sexual Violence in Conflict” နှစ်ပတ်လည် အခမ်းအနားတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အာ ဏာသိမ်းစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက် သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း၊ အာဏာသိမ်းစစ်တပ်က ပဋိပက္ခ ဖြစ်ပွားသည့် အရပ်ဒေသများတွင် အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်နည်းဗျူဟာအဖြစ် အသုံးချလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝအရ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု အပါအဝင် အခြားသော အကြမ်းဖက်မှုများ ဆက်လက်မြင့်တက်လာမည်သာ ဖြစ်ကြောင်း၊ ထို့အပြင် စစ်တပ်၏ မတရားစစ်သားစုဆောင်းမှုအောက်မှလည်း မိန်းကလေးငယ်များကို အဓမ္မစစ် သားစုဆောင်းမှုပြုမည်မှာ အထူးစိုးရိမ်ရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

အဆိုပါ စစ်တပ်သည် ထိုကဲ့သို့ အလွန်အကျည်းတန်သော အပြုအမူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ပြီး ယခုတိုင်ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင်လည်း စိန်ခေါ်မှုများစွာရှိနေပြီး ပြီးခဲ့သော (၃) နှစ်တာကာလအတွင်း၌ ကျန်းမာရေးဝန်ထမ်းများနှင့် အဆောက်အဦ (၁,၂၀၀) ကျော် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် ကျန်းမာရေးဝန်ထမ်း အမြောက်အများကို အကြမ်းဖက်စစ်တပ်က မတရား ဖမ်းဆီး၊ ချုပ် နှောင်၊ ထိန်းသိမ်းခဲ့ပြီး ရာချီသော ကျန်းမာရေးဝန်ထမ်းများ သတ်ဖြတ်ခံခဲ့ရကာ အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အတင်းအဓမ္မအာဏာသိမ်းထားသော စစ်တပ်သည် ကျန်းမာရေး အ ဆောက်အဦများအား တိုက်ခိုက်ခြင်းနှင့် ဆေးဝါး နှင့် ဆေးပစ္စည်းများအပေါ်တွင်လည်း တားမြစ် ပိတ်ပိတ်ပင်မှုများကို နေ့စဉ်နှင့်အမျှ ပစ်မှတ် ထားကာ စနစ်တကျပြုလုပ်လျက်ရှိကြောင်းသိရသည်။

 

တစ်ဖက်တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် လွန်ကဲသော စိန်ခေါ်မှုများကို ကြုံတွေ့ နေရ ကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ် မှုများကြောင့် ကျန်းမာရေးဝန်ထမ်းများသည် ပြည်တွင်းမှ ထွက်ခွာနေကြကြောင်း၊ ပြည်တွင်း၌ နေရစ်သူများ သည်လည်း စစ်တပ်၏ နှောင့်ယှက်တားဆီးမှုများကြောင့် လိုအပ်နေသူများထံ ကျန်းမာရေးကူညီ စောင့်ရှောက်မှုများ ပေးအပ်ရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ အသိုက် အဝန်းထံမှ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားသည့် လေးနက်သော၊ ထိရောက်သော ထောက်ပံ့ကူညီမှု များကို လိုအပ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် နယ်စပ် ဖြတ် ကျော် ထောက်ပံ့ကူညီမှုအပါအဝင် ဖွင့်ထားသော လမ်းကြောင်းများအားလုံးကို အသုံးချ၍ ရေ ရှည်တည်တံ့သော၊ ကြိုတင်မှန်းဆနိုင်သော နည်းလမ်းများကို အသုံးပြုရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားသည်။

 

အဓိကအားဖြင့် မြန်မာနိုင်ငံအခြေအနေအား ဖြေရှင်းနိုင်ရန် ပြစ်မှုကျူးလွန်နေသူများမှ အကျိုးခံစား နေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးတိုင်ချုပ်ငြိမ်း၍ တာဝန်ခံမှု ရှိစေရမည်ဖြစ်ပြီး စစ်တပ်ထံသို့ လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေမှုကို ဖြတ်တောက်ခြင်းက အ လွန် အရေးကြီးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း ရေးသည် အရေးကြီးပြီး  မြန်မာပြည်သူများအတွက် အနာဂတ်နှင့် ငြိမ်းချမ်းရေးအား ပြန်လည် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပေဒ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေ နှင့် အပြည်ပြည်ဆိုင်ရာ လူ သား ချင်းစာနာထောက်ထားမှု ဥပဒေတို့အား ချိုးဖောက်နေသူများကို တရား ဥပဒေအရ အရေးယူရေးဖြစ်ပြီး ဤသို့ဆောင်ရွက်ခြင်းဖြင့်သာ မြန်မာနိုင်ငံတွင် လိင်ပိုင်း ဆိုင် ရာ အကြမ်းဖက်မှုကြောင့် ဒုက္ခခံစားရသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို အ ကောင်းမွန်ဆုံး ပြန်လည် ကုစားပေးနိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *