Myingyan News

0 0
Read Time:3 Minute, 8 Second

မြို့သာနယ်မြေရဲစခန်းအနီး ဆက်ကြေးကောက်နေသော ရဲတစ်ဦးနှင့် ပျူတစ်ဦးကို ကားဖြင့် ဝင် ရောက်ပစ်ခတ်မှု ၂ ဦး စလုံးသေဆုံး

 

D Day News

ဇွန်လ ၂၀

 

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာနယ်မြေအထိုင်စခန်းမှ လမ်းမပေါ် ထွက်ပြီး ဆက်ကြေးကောက် နေသော ရဲ ၁ ဦးပျူ ၁ ဦးကို ကားဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံထံမှ သိရသည်။

 

ဇွန်လ ၁၈ ရက် ညနေ ၄ နာရီ ၃၅ မိနစ်အချိန်က ငါန်းဇွန်မြို့နယ်၊ မြို့သာအရှေ့ဘက်ရွာရှိ အကြမ်း ဖက်စစ်တပ် လက်အောက်ခံ အထိုင်ရဲစခန်းမှ ရဲတပ်သား ထက်ထက်အောင်နှင့် ငါန်းဇွန်မြို့ အမှတ် ၄ ရပ်ကွက်မှ ပျူစောထီး အေးမင်းတို့သည် ခရီးသွားပြည်သူများ၏ ကားများကို အတင်းအဓမ္မဆက် ကြေးကောက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကားဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာ မှာပင် ၂ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

“ရှေ့က ကားတစ်စီးကို တားပြီးတော့ ငွေညှစ်နေတာ၊ ကျနော်တို့ကားလည်းမြင်တော့ တစ်ယောက် က စာအုပ်လေးကိုင်ပြီးထွက်လာတာ၊ တစ်ယောက်က သေနတ်ကိုင်ပြီးတော့ ထွက်လာတာ၊ အဲလို ထွက်လာတဲ့အချိန်မှာ တည်ပြီးပစ်လိုက်တာ၊ ဘေးမှာ ကင်းပုန်းတွေ ဘာတွေရှိနေမှာစိုးတာရယ်၊ ရဲစခန်းနဲ့အရမ်းနီးကပ်နေတာရယ်ကြောင့် လက်နက်တော့ မကောက်ခဲ့ရဘူး။ ထွက်ပေါက်ပိတ်မိသွား မှာစိုးရိမ်တဲ့အတွက် ချက်ချင်းပြန်ဆုတ်လာခဲ့လိုက်တာ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲနှင့် ပျူစောထီးတို့သည် ပစ္စည်းတင်ကား၊ စစ်ဘေး ရှောင်ကားများကို တစ်စီးလျှင် တစ်သိန်းကျပ်မှ ၄ သိန်းကျပ်အထိတောင်းခံနေကြောင်း၊ ဓာတ်ဆီ တင်လာပါက ဓာတ်ဆီတစ်ပုံးလျှင် တစ်သိန်းကျပ်တောင်းခံကြောင်း၊ ထိုသို့ ပြည်သူလူထုအပေါ် မတရားဆက်ကြေးကောက်နေသဖြင့် ပြည်သူလူထု၏ တိုင်ကြားချက်အရ သွားရောက်ရှင်းရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တပ်ဖွဲ့ဝင်များက လက်နက် ငယ်များဖြင့် ဝင်ရောက်ပစ်ခက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဘေး ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ များနှင့် နီးကပ်စွာ နေထိုင်ခြင်း၊ အတူသွားလာခြင်း မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *