ကဗျာ ကဏ္ဍ “ပန်းရနံ့တို့ မွှေးပါစေ”
ပျိုးကြဲလက်
နန်းထိုက်တော်ဝင် ၊ ပန်းသဇင်တို့
နန်းရင်ပြင်မှာ ၊ ပျော်ပါစေ ။
နန်း၏အလယ် ၊ ပန်းစံပယ်လည်း
ဂုဏ်ကြွယ်ပါစေ ၊ သင်းပျံ့စေ ။
နွံမနစ်ရာ ၊ ပန်းရွှေကြာတို့
ရေမှာတင့်စေ ၊ ဂုဏ်မြင့်စေ ။
ခယောင်းလမ်းမှာ ၊ ပန်းဗေဒါလည်း
ဝေဖြာရနံ့ ၊ မွှေးပျံ့စေ ။
ရနံထုံထုံ ၊ ပန်းဝတ်မှုံတို့
စုံညီလှပ ၊ လေပြေခသော်
ကကြခုန်ကြ ၊ ယိမ်းနွဲ့ကြ၍
အလှရာထောင် ၊ ပြည့်ဂုဏ်ဆောင်၏ ။
ပန်း၏အလှ ၊ သဘာဝကို
ချစ်ကြတမူ ၊ ပန်းချစ်သူက
ခူးယူဆင်မြန်း ၊ ပြည်အဝန်း၌
ရေဖြန်းပေါင်းပေါက် ၊ မြေတောင်မြှောက်၏ ။
တာဝန်မဲ့သူ ၊ ထိုထိုလူတို့
ချိုးယူရွဲ့စောင်း ၊ အမြင်ပြောင်း၍
ပန်းကောင်းညွန့်ချိုး ၊ အဖြစ်ဆိုးလျှင်
ကိုယ်ကျိုးနည်းပြီ ၊ ပန်းရွှေပြည် ။
ပန်းပြည်ထောင်စု ၊ ညီနောင်ထုတွင်
ပန်းဥယျာဉ်မှူး ၊ တွင်တွင်ရူးနှင့်
ခူးချိုးခုတ်ဖျက် ၊ စောရလက်တို့
ဆယ်သက်ကမ္ဘာ ၊ ဝေးပါစေ ။
ပန်းရနံတို့ မွှေးပါစေ ။ ။
ရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် ည ၁၀ နာရီ ၅၇ မိနစ်
ယနေ့ ဇွန်လ ၁၉ ရက် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ ၇၉ နှစ်မြောက်မွေးနေ့တွင် ပြုလုပ်သော ပန်းသပိတ်ကို ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။
D Day News