Chin State News

0 0
Read Time:5 Minute, 14 Second

မတူပီမြို့ရှိ ခလရ ၃၀၄ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ကျန်ဗျူဟာကုန်းနှင့် ခလရ ၁၄၀ ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ

 

  • တီးတိန်မြို့တိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၇ လက်သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၁၈

 

ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လခရ ၃၀၄ တပ်ရင်းကို အပြီးသတ် သိမ်းပိုက် ရရှိခဲ့ပြီး ကျန်ရှိနေသော မတူပီဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်း ချင်းညီနောင်စစ်ဆင်ရေး – Operation CB သတင်း၊ မှတ်တမ်းနှင့်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၉ ရက်နေ့ကစတင်၍ မတူပီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို အင်အား အ လုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဇွန်လ ၁၇ ရက် နေ့က အကြမ်းဖက်စစ်ကောင်စီ ၏ ခလရ ၃၀၄ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ဟောင် ဝှစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တစ်မြို့လုံးသိမ်းမိတာ မဟုတ်သေးဘူး၊ ကျန်ရှိနေတဲ့ ဗျူဟာကုန်းတို့၊ ခလရ ၁၄၀ တို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်၊မြေပြင်ကနေ စကစသေဆုံးမှုအရေအတွက်တို့ လက်နက်သိမ်းဆည်း ရရှိမှု အရေအတွက်တို့ ပေးပို့လာတာမရှိသေးဘူးဗျ၊ ကျနော်တို့ သိမ်းဆည်းဖို့က ဗျူဟာကုန်းကျန် သေးတယ်၊ ၁၄၀ လည်းကျန်သေးတယ်၊ အဲဒါတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့ အနေအထားမှာဖြစ်တဲ့ အတွက်ကြောင့် မိဘပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ ဆုတောင်းမေတ္တာပို့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ချင်းညီနောင် စစ်ဆင်ရေး သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချင်းညီနောင်တပ်ဖွဲ့ဝင်များအပြင် မဟာမိတ်တပ်တပ်ဖွဲ့များဖြစ်သည့် အရက္ခတပ်တော် – AA ၊ Yaw Army – YA တို့နှင့် အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး “၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ အလုံးစုံ ကင်းစင်ရေး” စစ်ရေးရည်မှန်းချက်ဖြင့် ကနဦးအဆင့် ဖော်ဆောင်တိုက်နေခြင်းဖြစ် ကြောင်း သိရ သည်။

 

ယင်းတိုက်ပွဲအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်း ရင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော် အချို့ ရှိကြောင်း သိရသည်။

 

ထို့အပြင် ကျန်ရှိနေသေးသော မတူပီဗျူဟာကုန်း၊ ခလရ ၁၄၀ နှင့် အခြားစစ်ကောင်စီတပ်စခန်းများ ကိုလည်း ဆက်လက် သိမ်းယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိ ပေးထားသည်။

 

ယခုကဲ့သို့ စခန်းသိမ်းအောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှ ထောက်ပံ့လျက်ရှိသော ထောက်ပို့ ပြည်သူများနှင့် ထိုးစစ်များအတွင်းပါဝင်ခဲ့သော စစ်သည်တော်များအားလုံး၏ ပြောင် မြောက်သော တိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့်နာခံမှု တို့အပေါ် ချင်းညီနောင်အနေဖြင့် လေး နက်စွာ အသိအမှတ်ပြုပါကြောင်း၊ ထို့အပြင် ဤစခန်းသိမ်း တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် ရင်း အသက်နှင့်ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင် လေးစားအသိအမှတ် ပြုပါကြောင်း ချင်းညီနောင် စစ်ဆင်ရေး သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထား သည်။

 

ပြီးခဲ့သည့် မေလ ၂၇ ရက်နံနက် ၄ နာရီအချိန်က တီးတိန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ် စခန်းများဖြစ်သော EPC လျှပ်စစ်ရုံစခန်းနှင့် တာဝါတိုင်ကုန်းစခန်းတို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်များ က စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးကာ ၉ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီး လက်နက်ငယ် ၁၇ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီ လုံးဝကင်းစင်ရန်အတွက် ပြည်တွင်းပြည်ပရှိ မိဘ ပြည်သူများမှ ဆက်လက်ထောက်ပံ့ကူညီအားပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *