NUG News

0 0
Read Time:5 Minute, 26 Second

ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစုတည်ဆောက်ကြရန်နှင့် အောင်နိုင်ဖို့ တစ်ခုတည်းမဟုတ်ပဲ လူထုရဲ့ နှလုံးသားကို သိမ်းကြုံးကြရန် နိုင်ငံတော်ယာယီ သမ္မတ ပြောဆို

 

D Day News

ဇွန်လ ၁၈

 

ခိုင်မာစုဖွဲ့မှုအားကောင်းတဲ့ မဟာဗျူဟာ မြောက် စစ်ရေးတပ်ပေါင်းစု တည်ဆောက်ကြရန်နှင့် အောင်နိုင်ဖို့တစ်ခုတည်းမဟုတ်ပဲ လူထုရဲ့ နှလုံးသားကို သိမ်းကြုံးကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ / ၂၀၂၄ အစိုးရ အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့ မရပေမယ့်၊ စစ် အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော် လှန် ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု (coordinated action) ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားတဲ့ coordinated action ဆိုတာဟာ “ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေး တပ်ပေါင်းစု” ကို ဆိုလိုတာဖြစ်ပါတယ်။ အဲသည့်အထဲမှာ တစ်ညီတစ်ညွတ်တည်းသော အမိန့်ပေး ကွပ်ကဲမှု စနစ်ပါဝင်သလို၊ မဟာဗျူဟာမြောက် စုဖွဲ့ထားတဲ့ စစ်ရေးမစ်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းမီးကျောက်စတဲ့ စစ်ရေးရင်းမြစ်တွေကို ခွဲဝေ နေရာချထားနိုင်မှုနဲ့ ဆက် သွယ် ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ချိန်သားကိုက် လှုပ်ရှားနိုင်တဲ့ timing ဆိုတာတွေက အင်မ တန် အရေးကြီးတယ်လို့ ယူဆပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား သည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည် နှင့် တနင်္သာရီတိုင်းတို့တွင် ခုခံတော်လှန်စစ်ရေး အရှိန်အဟုန် မြင့်လာပြီး အခြားသော ဒေသများ တွင်လည်း သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုအဖွဲ့များ၏ ဦးစားပေးလျာထားချက်များအရ နည်း ငယ်ငြိမ်သက်နေကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရမှ ချိတ်ဆက်လုပ်ဆောင်နေသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများအကြား စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသည့် တပ်ရင်း၊ တပ်မ အမြောက်အမြား ပေါ်ထွက်လာရန် လိုအပ်ကြောင်း၊ ထိုသို့ ထွက်ပေါ်လာနိုင်စေရန် အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်း ရေးကို နိုင်ငံရေး နည်းအရ ကြိုးစားတည်ဆောက်နေ ပြီး စစ်ရေးနည်းအရလည်း ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။

 

“ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒုတိယအချက်အနေနဲ့ ပြောကြားချင်တာ က တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့နဲ့ ထိရောက်တဲ့ ပေးဝေမှုတွေ ဖြစ်စေဖို့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ထိထိရောက်ရောက် စီမံနိုင်ဖို့ အတွက် International Aid Coordination Commission ဆိုတာကို ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီ ကော်မရှင်ကနေတစ်ဆင့် ထိရောက်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လုံလုံလောက်လောက် ရရှိဖို့ ထပ်မံ ကြိုးစားစေချင်ပါတယ်။” ဟု ထပ်မံသတိပေးထားသည်။

 

ထို့အပြင် ခုခံတော်လှန်စစ်ဆင်နွှဲနေသည့်ကာလဖြစ်သည့်အတွက် လူထုထောက်ခံမှု ကျဆင်းမသွား စေရန်နှင့် လူထု၏ နှလုံးသားကို သိမ်းကြုံးနိုင်စေရန် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း ဆက်လက် သတိပေးထားသည်။

 

“ကျွန်တော်တို့ဟာ ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတာ ဖြစ်တာကြောင့်၊ လူထုထောက်ခံမှုကျ ဆင်းမသွားရေးကို အထူးဂရုစိုက်ဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ တခါတရံ စစ်ရေး အရ အောင်နိုင်ဒေသတွေ ရှိပေမယ့် လူထုကို ဆုံးရှုံးရတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သို့သော အခြေအနေကို ရောက်သည် ဖြစ်စေ၊ လူထုကို ဆုံးရှုံးလို့ မရဘူးဆိုတာ သတိချပ်စေ ချင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ် ဒေသတွေ အောင်နိုင်ဖို့ တစ်ခုတည်းကို အာရုံစိုက်ရမှာ မဟုတ်ဘဲ၊ လူထုရဲ့ နှလုံးသားကို သိမ်းကြုံးနိုင်စေဖို့လည်း အထူး ဂရုစိုက်ရမှာဖြစ် ကြောင်း ပြောကြားအပ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *