Myingyan News

0 0
Read Time:2 Minute, 4 Second

မြင်းခြံမြို့နယ်၊ ဆုံရွာနှ့င် ကတောရွာရှိ စစ်သား၊ ပျူစောထီးများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခိုက်မှု ၅ ဦး ဒဏ်ရာရ(ရုပ်သံ)

 

D Day News

ဇွန်လ ၁၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာနှင့် ကတောရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

ဇွန်လ ၁၄ ရက် ညနေ ၄ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြိုအရှေ့ဘက်ရှိ ပျုစောထီးများကြီးစိုး သော ဆုံရွာအနီးရှိ ဇရပ်တစ်ခုပေါ်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေ၊ မသေတော့ မသိရသေးပါဘူး၊ ဆက်လက် စုံစမ်းနေတုန်းပါ၊ ကတောရွာမှာ ဒရုန်းချတာက တော့ ၃ ဦးဒဏ်ရာရတယ်လို့ ကြားသိရပါတယ်။” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် မြင်းခြံမြို့နယ်၊ ကတော‌ရွာရှိ တိုက်အိမ်တစ်လုံး ပေါ် နှင့် ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ နှင့် Aung San’s Blood Civilian Defense Force – ABCDF မဟာမိတ်ညီနောင်နှစ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *