အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လာဘ်စားမှုကျူးလွန်ခဲ့သည့် အိုးဘိုအကျဉ်း ထောင်မှ ထောင်ပိုင်ကို အောင်မျိုးချွန်ကို လွိုင်ကော်ပြောင်းရွှေ့၊ ဦးစီးအရာရှိ သွယ်သွယ်ဦးကို ရာထူးလျော့ကာ ထောင်ပြောင်းရွှေ့ပြီး အရာရှိတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ထုတ်ပယ်
D Day News
ဇွန်လ ၁၇
မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လာဘ်စား မှုကျူးလွန်ခဲ့သည့် ထောင်ပိုင်ကို အောင်မျိုးချွန်ကို လွိုင်ကော်ပြောင်းရွှေ့ပြီး ဦးစီးအရာရှိ သွယ်သွယ် ဦးကို ရာထူးလျော့ကာ ထောင်ပြောင်းရွှေ့လိုက်သည့်အပြင် အရာရှိတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်သည်။
ဇွန်လ(၇)ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၊အကျဉ်းသူများကို လူဦးရေ ၅၀ သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ ၁၀၀ ကျော်ခန့် ကြပ်ညှပ်စွာ နေ ထိုင်နေရပြီး လူသေအလောင်းကိုထည့်သည့် ခေါင်းတလားအကျယ်အဝန်းခန့်သာ အိပ်စက်နေကြရ သည်ဟု ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ ထောင် အာဏာပိုင်များ၏ လာဘ်စားမှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက် – PPNM စောင့်ကြည့်ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် ဇွန်လ ၈ ရက်နေ့နောက်တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး (၁ပွင့်) ၊ ဒေါ်မြင့်မြင့်လှိုင်၊ ဒေါ်ခင်ပပလှိုင်တို့ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေါ်သွယ်သွယ်ဦး(ဦးစီးအရာရှိ)တို့ ရာထူးလျှော့ချ၍ ထောင်ပြောင်းကာ အပြစ်ပေးခြင်းခဲ့ သည့် အပြင် ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏ ထောင်ပိုင်အဖြစ် ပြောင်းရွေ့ လိုက်ကြောင်း သိရသည်။
ယခု လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်၏ ထောင်ပိုင်အသစ်မှာ သိန်းဇော်မင်းဆိုသူ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ထံမှ သိရသည်။