Ye U News

0 0
Read Time:2 Minute, 27 Second

ရေဦးမြို့ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၁၅

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက်စစ်တပ်သားများတပ်စွဲထားရာ နေရာများကို ဗုံးကြဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ရေဦးမြို့ မြောက်ဘက်အထွက်ရှိ အကြမ်း ဖက်စစ်တပ်စခန်းနေရာကို Fixed Wing Drone များ ဖြင့် ဗုံးသီး ၆ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိပြီး အသေးစိပ်အချက်အလက်များသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

“ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ လက်နက်ငယ်တွေနဲ့တော့ ပြန်ပစ်တာရှိတယ်၊ ကျနော်တို့ ဘက်ကတော့ ပျက်စီးမှု၊ ထိခိုက်မှုမရှိပါဘူး။ ၁၃ ရက်နေ့က တိုင်းရင်းဆေးရုံမှာ ချလိုက်တာနဲ့ ၃ ဦး ရလိုက်တာရှိတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဇွန်လ ၁၃ ရက်နေ့က ရေဦးမြို့၊ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ အလားတူ ရေဦးမြို့ ဂါဝီဂိတ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ BE တပ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း ဒရုန်း တပ်စုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အ မြစ်ပြတ်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *