Monywa News

0 0
Read Time:2 Minute, 11 Second

မုံရွာ-မန္တလေးလမ်းမပေါ်တွင် ကြေးနီတင်စစ်ယာဉ်တန်းနှင့်ကင်းပုန်းစစ်သားများကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်ဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း Area 71 Peoples Defense Force တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၈ နာရီ ၆ မိနစ်အချိန်တွင် မုံရွာဘက်မှ မန္တလေးဘက်သို့ တွဲကားတန်းမှ ၄ စီးမြောက်ကားကို မိုင်းဆွဲရန် စောင့်ဆိုင်းနေစဉ် ပြည်သူ့ခရီးသည်တင်ကားအတူ ယှဉ်လျက်လိုက်ပါ သဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းမပြုပဲ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ထိုသို့ စောင့်ဆိုင်းနေစဉ် အကြမ်းဖက် စစ်သား ကင်းပုန်းများကမြင်တွေ့သွားပြီး လိုက်လံပစ်ခတ်သဖြင့် ပထမမိုင်းပွိုင့်ကို ဖောက်ခွဲ ပစ်ခဲ့ရ ကြောင်း သိရသည်။

ထို့နောက် ဒုတိယမိုင်းပွိုင့်စောင့် ရဲဘော်များမှ ၅ စီးမြောက်ကားနှင့်အတူ လမ်းပေါ်တက်လာ၍ ပစ် ခတ်နေသော အကြမ်းဖက်စစ်သားများကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းကွဲသံအတူ အကြမ်းဖက် စစ်သားများ၏ ပစ်ခတ်မှု ရပ်တန့်သွားပြီး စစ်သား ၂ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

 

“၂ ကောင်သေတာတော့ မျက်မြင်ပါပဲ၊ အဲဒါထက်တော့ ပိုနိုင်တယ်၊ ကျနော်တို့ရဲဘော်တွေ အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Area 71 Peoples Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Area 71 Peoples Defense Force တပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *