International News

0 0
Read Time:19 Minute, 56 Second

အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားလုပ်ငန်းများ (PSUs) သည်အကြမ်းဖက်စစ်အုပ်စုအပေါ် ထောက်ပံ့ကူညီ ကာ စစ်ရာဇဝတ်မှုကို အားပေးနေသဖြင့် ဝိုင်းဝန်းပိတ်ဆို့အရေးယူပေးရန် တောင်းဆို

 

D Day News

ဇွန်လ ၁၄

 

အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင်မြန်မာအကြမ်းဖက် စစ်အုပ်စု ကို စစ်လက် နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနှင့် လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးအပ်နေပြီး လက်ရှိဖြစ်ပွား နေသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု များကို အားပေး ကူညီလျက်ရှိသဖြင့် ဝိုင်းဝန်းပိတ်ဆို့ အရေးယူပေးပါရန် Justic For Myanmar – JFM က တောင်းဆိုထားသည်။

 

အိန္ဒိယ PSUs များ၏ လက်တလော စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုများအပြင် အာဏာသိမ်း ကြိုးပမ်းမှု မတိုင်မီ မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခဲ့ သော သို့မဟုတ် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လိုကြောင်း ၎င်းတို့၏ သဘောဆန္ဒကို ထုတ်ဖော်ပြသထားသည့် အိန္ဒိယကာကွယ်ရေးဆိုင်ရာ PSU များကို Justice For Myanmar က ဖော်ထုတ်ထားပြီး ဖြစ်သည်။

 

PSU များသည် အိန္ဒိယအစိုးရမှ အများစုပိုင်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေးကဏ္ဍအပါအဝင် အိန္ဒိယစီးပွားရေးနယ်ပယ်တဝန်းရှိ ကဏ္ဍများစွာတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန မှ စီမံဆောင်ရွက်နေသည့် PSU ပေါင်း ၁၆ ခု ထိရှိကြောင်း သိရသည်။

 

ရိုဟင်ဂျာများအပေါ် မြန်မာစစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနှင့် မြန်မာတို့သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Stockholm International Peace Research Institute ၏ အချက် အလက် များအရ ၂၀၁၇-၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တတိယမြောက် လက် နက်အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယမူဝါဒရေးရာသုတေသနအဖွဲ့ Vivekananda International Foundation ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာအရ အိန္ဒိယ စုစုပေါင်းလက်နက်တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းကျော်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ကို အတည်ပြုခဲ့ကြောင်း၊ အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံသို့ လွှဲ ပြောင်းပေးပို့ခဲ့သော စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းစာရင်းများကို ဖော်ပြထားပြီး ယင်းတွင် အမြောက်သေနတ်များ၊ ကျည်ကာအကျီနှင့် ဦးထုတ်များ၊ စစ်သင်္ဘောများနှင့် ပြန်လည်ပြုပြင် မွမ်းမံ ထားသော ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတို့ ပါဝင်ကြောင်း သိရသည်။

 

BrahMos Aerospace Private Limited

==============================

 

BrahMos Aerospace Private Limited (BrahMos Aerospace) သည် အိန္ဒိယကာကွယ်ရေး ဝန် ကြီးဌာန၏ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) နှင့် ရုရှားနိုင်ငံ၏ ပူးတွဲစတော့ ရှယ်ယာကုမ္ပဏီ “Military Industrial Consortium” “NPO Mashinostroyenia” တို့အကြား ဖက် စပ် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒုံးကျည်များ ထောက်ပံ့ရေးအတွက် မြန်မာစစ်အုပ်စုနှင့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။

 

BrahMos Aerospace ကို အသံထက်မြန်သော ခရုဇ်ဒုံးပျံများ ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်ခြင်း အတွက် တည်ထောင်ထားပြီး အိန္ဒိယရေတပ်၊ ကြည်းတပ်နှင့် လေတပ်၏ လက်နက်တိုက်များတွင် ထည့်သွင်းထားသည့် သင်္ဘောအခြေစိုက်၊ မြေပြင်နှင့် ဝေဟင်အခြေစိုက် ခရုဇ်ဒုံးပျံများကို တီထွင် ထုတ်လုပ်နေကြောင်း သိရသည်။

 

BrahMos ဒုံးကျည်သည် ပျံသန်းမှုတလျောက်လုံး အသံထက်မြန်သော အမြန်နှုန်းနှင့်အတူ ၂၉၀ ကီ လိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို ကိုယ်တိုင်ပဲ့ထိန်းစနစ်ဖြင့် တိကျစွာပစ်ခတ်နိုင်ပြီး ၎င်းအား ပစ် လွှတ်ပြီးသည်နှင့်တပြိုင်နက် “ပစ်မှတ်ကို မှန်မမှန် လှည့်ကြည့်စရာမလိုတော့ဘဲ မေ့ပစ်လိုက်လို့ ရသည်” ဟု အဓိပ္ပယ်ဆောင်သော (fire and forget) နည်းပညာဖြင့် ထိန်းချုပ်ပစ်ခတ်နိုင်ကြောင်း သိရသည်။

 

ဝေဟင်ပစ်လွှတ်သည့် BrahMos ဒုံးပျံဗားရှင်းကို မြန်မာ့လေတပ်အုပ်စုရှိ ရုရှားထုတ် တိုက်လေယာဉ် မျိုးကွဲတစ်ခုဖြစ်သည့် Su-30MKI တွင် ပေါင်းစပ်တပ်ဆင်ထားပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ရုရှား နိုင်ငံပိုင် မီဒီယာအေဂျင်စီ TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် BrahMos Aerospace ၏ စီအီးအို Atul Rane က မြန်မာစစ်အုပ်စုသည် BrahMos ဒုံးကျည်များအား ဝယ်ယူလိုကြောင်းကို ထုတ်ဖော် ပြသခဲ့သည်ဟု ပြောကြားခဲ့သည်။

 

အဆိုပါရောင်းဝယ်မှုကို ဆက်လက်လုပ်ဆောင်ရန်အတွက်မူ BrahMos အနေဖြင့် အိန္ဒိယခရက်ဒစ် လိုင်းမှတစ်ဆင့် ငွေးကြေးထောက်ပံ့မှုအစီအစဥ်တစ်ခု လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း Rane က ရှင်းပြခဲ့သည်။

 

မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များအား Brahmos Aerospace ကိုယ်စားလှယ်များမှ အနည်းဆုံး နှစ်ကြိမ်တိုင်တိုင် အကျဉ်းချုံး ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယစစ်လက် နက်ပြပွဲ DefExpo တွင် ခရုဇ်ဒုံးကျည်အကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့အား ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။

 

၂၀၁၆ ခုနှစ်တွင် မြန်မာစစ်အုပ်စု၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ BrahMos Aerospace Complex သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

 

Garden Reach Shipbuilders and Engineers Limited

===========================================

 

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PSU ဖြစ်သည့် Garden Reach Shipbuilders & Engineers Limited (GRSE) သည် အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ မြန်မာစစ်အုပ်စုအတွက် စစ် ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ခဲ့ပြီး အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း စီးပွားရေးများ ဆက်လက်လုပ်ဆောင်နေပုံရသည်ဟု ဆိုသည်။

 

GRSE သည် ကာလကတ္တားတွင်တည်ရှိပြီး၊ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းသင်္ဘောကျင်းများထဲမှ တစ်ခု ဖြစ်ကြောင်း၊ မြန်မာ့စစ်တပ်အတွက် ဘေလီသံမဏိတံတားများ ထောက်ပံ့ပေးရန် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်အမှာစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ကုမ္ပဏီ၏ ၂၀၁၈-၁၉ နှစ်ပတ်လည်အစီရင်ခံစာတွင် GRSE မှ “ရွှေ့ပြောင်းတပ်ဆင်နိုင်သော သံမဏိ တံတားများတင်ပို့နိုင်ရေး ဘူတန်၊ မြန်မာ၊ နီပေါတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံ စျေးကွက်ချဲ့ထွင်မှု ကို အားကျိုးမာန်တက် လုပ်ဆောင်ခဲ့ကြောင်း” ဖော်ပြထားသည်။

 

GRSE ၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် မြန်မာနိုင်ငံအပါအဝင် “မိတ်ဆွေနိုင်ငံခြားတိုင်း ပြည်များ” ထံ ရေတပ်သင်္ဘောများတင်ပို့ရန် အစပျိုးလုပ်ဆောင်မှုများ ဆောင်ရွက်နေကြောင်း ထုတ်ဖော်ရေးသားခဲ့သည်။

 

အိန္ဒိယအောက်လွှတ်တော် (Lok Sabha)၊ ကာကွယ်ရေးဆိုင်ရာအမြဲတမ်းကော်မတီသို့ အိန္ဒိယ ကာ ကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာအရ GRSE သည် မြန်မာနိုင်ငံအတွက် စျေးကွက်ရှာဖွေရေးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ခဲ့ပြီး၊ “အပူတပြင်း စျေးကွက်ရှာဖွေရေး လုပ် ငန်းများ” လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

 

ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာစစ်အုပ်စု၏ အမျိုးသားကာကွယ်ရေး ကောလိပ်မှ လာရောက်လည်ပတ်မှုများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး အလည်အပတ်ခရီး စဉ်များ ၏ အသေးစိတ်အချက်အလက်များကို မသိရှိရသော်လည်း စစ်ရေးလေ့ကျင့်မှုသင်တန်းများတွင် GRSE ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် ဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းရကြောင်း JFM က ထုတ်ပြနထားသည်။

 

GRSE သည် အိန္ဒိယနိုင်ငံအဆင့်စတော့အိတ်ချိန်းတွင် စာရင်းဝင်ဖြစ်ပြီး၊ ၇၅ ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်ပြီး အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ SBI Funds Management၊ Sanlam Investment Management၊ Dimensional Fund Advisors နှင့် DFA Australia တို့ ပါဝင်ကြောင်း သိရသည်။

 

BEML Limited

============

 

BEML သည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PSU တစ်ခုဖြစ်ပြီး၊ မြန်မာစစ်အုပ်စု အတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ပေးထားပြီး ယခင်က Bharat Earth Movers Limited ဟု လူသိများသော BEML သည် မီးရထားလမ်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အ သုံးပြုသည့် အကြီးစားစက်ကိရိယာမျိုးစုံကို ထုတ်လုပ်ကြောင်း၊ ကာကွယ်ရေးကဏ္ဍတွင် BEMLသည် အိန္ဒိယ၏ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ဖော်ဆောင်ထုတ်လုပ်ရေး စီမံကိန်းအတွက် မြေပြင်အထောက် ကူပြုယာဉ်များကို ထောက်ပံ့ပေးကြောင်း သိရသည်။

 

၎င်း၏ လေယာဉ်တည်ဆောက်ရေးဌာနခွဲမှတစ်ဆင့် ကုမ္ပဏီသည် လေယာဉ်လက်နက်သယ် တွန်း လှည်းများနှင့် ဘက်စုံသုံးလက်နက်တင်ကိရိယာများအပါအဝင် မြေပြင်အထိုင် အကူကိရိယာများကို ထုတ်လုပ်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် စစ်အုပ်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် BEML ၏ ရထားထုတ်လုပ်မှု စက်ရုံသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရ သည်။

 

စစ်အုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို တရားမဝင် ထိန်းချုပ် ထားပြီး ၎င်း၏တပ်ဖွဲ့ဝင်များ၊ လက်နက်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက် ရထားများကို အသုံးပြုခဲ့ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နားလည်မှုစာချွန်လွှာတွင် ကုမ္ပဏီသည် စက်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း အတည်ပြုခဲ့သည်။

 

၂၀၁၉ ခုနှစ်တွင် BEML Limited သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ကာကွယ်ရေး ပစ္စည်းကိရိယာများ တင်ပို့ရောင်းချနိုင်ရေး အာရုံစိုက်လုပ်ဆောင်နေပြီး တင်ပို့ရောင်းချမှုကို တိုးမြှင့် ကာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

 

ယင်းထုတ်ပြန်ချက်တွင် BEML သည် မြန်မာနိုင်ငံတွင် “ဖြန့်ဖြူးရောင်းချမှုကွန်ရက်ကို မြှင့်တင်နေ ကြောင်း” နှင့် မြန်မာနိုင်ငံတွင် ဖြန့်ချီရေးကိုယ်စားလှယ်ကို ခန့်အပ်ထားကြောင်း ထုတ်ဖော်ပြော ကြားထားကြောင်း သိရသည်။

 

ကုမ္ပဏီအနေဖြင့် ၎င်းဖြန့်ချီရေးကိုယ်စားလှယ်အမည်ကို Justice For Myanmar သို့ ထုတ်ဖော်ပြော ကြားခြင်း မရှိပေ။

 

BEML သည် ဘုံဘေစတော့အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့်စတော့အိတ်ချိန်းများတွင် စာရင်းဝင် ထားပြီး၊ ၅၄ ရာခိုင်နှုန်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ဖြစ်ပြီး အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ Nippon Life India Asset Management၊ Kotak Mahindra Asset Management၊ Carne Global Fund Managers (Ireland) နှင့် White Oak Capital Partners တို့ ပါဝင်ကြောင်း သိရသည်။

 

Hindustan Shipyards Limited

==========================

 

၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ PSU တစ်ခုဖြစ်သည့် Hindustan Shipyards Limited (HSL) သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်အမှာစာများကို ဆောင်ရွက်နေကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၊ ဗီဆာကာပါနန်မြို့တွင် တည်ရှိပြီး ကုမ္ပဏီသည် ကမ်းလွန်ကင်းလှည့် သင်္ဘောများနှင့် တိုင်းတာရေးသင်္ဘောများ တည်ဆောက်ကာ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံမှု များလည်း လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်၊ HSL ဥက္ကဋ္ဌ၏ ကြေငြာချက်တွင် ကုမ္ပဏီအနေဖြင့် ပို့ကုန်များ တင်ပို့နိုင်ရန်အတွက် မြန် မာ နိုင်ငံအပါအဝင် ကာကွယ်ရေးစစ်သံမှူးများ/သံရုံးများနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်းအပေါ် ချီး ကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် INS Sindhuvir အဖြစ် အိန္ဒိယရေတပ်တွင် အသုံးပြုနေသည့် ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောအား မြန်မာရေတပ်ထံ ရောင်းချ ပေးခဲ့ပြီး လွှဲပြောင်းရောင်းချရာတွင် မြန်မာ့ရေတပ်အတွက် မောင်းနှင်အသုံးပြုရေးနှင့် ပြုပြင် ထိန်း သိမ်းရေး သင်တန်းများ ပါဝင်ကြောင်းလည်း သိရသည်။

 

မြန်မာနိုင်ငံသို့ မလွှဲပြောင်းမီ ရေငုပ်သင်္ဘောအား HSL တွင် ပြန်လည်ပြုပြင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင် လတွင် HSL က မင်းအောင်လှိုင်အား တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ကြိုဆိုလက်ခံခဲ့ ကြောင်း သိရသည်။

 

Yantra India Limited

==================

 

Justice For Myanmar က ယခင်က ထုတ်ဖော်ခဲ့သည့်အတိုင်း အိန္ဒိယ ကာကွယ်ရေးကဏ္ဍ PSU တစ်ခုဖြစ်သည့် Yantra India Ltd သည် မြန်မာစစ်အုပ်စု၏ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး နှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာစစ်အုပ်စုထံ ၁၂၂ မီလီမီတာ အမြောက်ပြောင်း အများအပြား တင်ပို့ခဲ့ကြောင်း အိန္ဒိယပို့ကုန်မှတ်တမ်းများက အတည်ပြုသည်။

 

ယင်း ၁၂၂ မီလီမီတာ အမြောက်ပြောင်းများသည် အမေရိကန်၊ ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်တပ်ဌာနတစ်ခုဖြစ်သော ကာကွယ်ရေးပစ္စည်းထုတ် လုပ် ရေး ညွှန်ကြားမှုးရုံးဟုလည်း သိကြသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (OCDI) ၏ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ဟောင်ဝှစ်ဇာများအတွက် အသုံးပြုရန် ဖြစ်နိုင်ခြေ များပြားသည်။

 

သို့သော် မြန်မာစစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်ရှိ လက်တွေ့အသုံးပြုမှုတွင် အတွေ့အကြုံရှိ သည့် သတင်းရင်းမြစ်များက OCDI အနေဖြင့် ကောင်းမွန်သည့်နည်းပညာမရှိမှု၊ ပြည်တွင်းမှရရှိနိုင် သည့် ကုန်ကြမ်းများ အရည်အသွေးညံ့ဖျင်းမှုတို့ကြောင့် ကလီဘာသေနတ်အမြောက်ပြောင်းကြီး များကို ရရှိနိုင်သည့် နေရာများမှ ဝယ်ယူနိုင်ရေးကိုသာ အဓိကမှီခိုလုပ်ဆောင်နေရသည်ဟု မှတ်ချက် ပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

Mazagon Dock Shipbuilders Limited

===============================

 

Mazagon Dock Shipbuilders Limited (MDL) သည် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအပြင် အရပ်ဘက်ရေယာဉ်များပါ တည်ဆောက်သည့် မွမ်ဘိုင်းအခြေစိုက် အိန္ဒိယကာကွယ်ရေး PSU ကုမ္ပ ဏီ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယအောက်လွှတ်တော်၊ ကာကွယ်ရေးဆိုင်ရာ အမြဲတမ်း ကော်မတီထံသို့ ပေးပို့သော အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ MDL သည် မြန်မာ နိုင်ငံသို့ ပေးပို့မည့်ပို့ကုန်များအတွက် အေဂျင်စီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း MDL သည် မြန်မာနိုင်ငံမှ ကျွန်းသစ်များ ဝယ်ယူရန် တင်ဒါများ ထုတ်ပြန်ခဲ့ပြီး ယင်းတင်ဒါများတွင် အိန္ဒိယ၏ အနောက်နိုင်ငံမဟာမိတ်များက စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် အချိန်အတန်ကြာဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ခဲ့သော တင်ဒါများ လည်း အပါအဝင် ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့သစ်လုပ်ငန်း (MTE) သည် မြန်မာ့ကျွန်းသစ်ရောင်းဝယ်ရေးကို ထိန်းချုပ်ကာ၊ စစ်အုပ်စုထံ အမြတ်အစွန်းများ စီးဆင်းစေပြီး၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

MDL သည် ဘုံဘေစတော့အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့် စတော့အိတ်ချိန်းများတွင် စာရင်းဝင်ထား ပြီး၊ ၈၅ ရာခိုင်နှုန်း နိုင်ငံပိုင် ဖြစ်ပြီး အခြားအစုရှယ်ယာရှင်များမှာ Edelweiss Asset Management၊ Aditya Biria Sun Life Amc၊ Tata AIA Life Insurance၊ Capital Investment Trust၊ ITI Asset Management နှင့် Russel Investments တို့ ပါဝင်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုများ အားလုံးချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့်ရေး သင်တန်းအားလုံး ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုထားသည်။

 

အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေး ပတ်သက်ဆက်နွယ်မှုရှိကြ သည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုထံ ပံ့ပိုးထောက်ပံ့နေမှုအားလုံး ပိတ်ပင် ရေး တိုက်တွန်းရန် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်ကြောင်း Justice For Myanmar က ထောက်ပြပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *