Naung Cho News

0 0
Read Time:1 Minute, 48 Second

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည် သူတစ်ဦး အပြင်းအထန် ဒဏ်ရာရ

 

D Day News

ဇွန်လ ၁၃

 

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၂ ရက် ည သန်းခေါင်ယံအချိန် ၁၁ နာရီမှ ၁၂ နာရီအထိ နောင်ချိုမြို့နယ်၊ ဘုမ္မတီ ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သုံးဆယ်ရွာဘက်သို့ လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ သုံးဆယ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ် ဦဂ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်က မည်သည့်လက်နက်ကိုင်တပ်ဖွဲ့၊ မည်သည့်တိုက်ပွဲမျှ မရှိပဲ ပြည် သူများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသနေ ပြည်သူအချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ဇွန်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ လက် နက်ကြီးဖြင့် ပစ်ခတ်မှု ၁၇ ကြိမ်ရှိပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *