Kyaikmayaw News

0 0
Read Time:3 Minute, 45 Second

ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်တပ် ကြည်း၊ရေ၊ လေ ပူးပေါင်း ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀၀ ကျော်မီးလောင်ပျက်စီးပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရ

 

D Day News

မတ်လ ၂၉

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က ကြည်း၊‌ ရေ၊ လေ ပူးပေါင်းပြီး ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်သည်။

 

မတ်လ ၂၇ ရက် ဖက်ဆစ်ဆန့်ကျင်ရေးနေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ အတွင်းသို့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းမှ နေ၍ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့ရာ လူနေအိမ်ခြေပေါင်း ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အနီးအနား ကျေးရွာ အပါအဝင် စစ်ဘေးရှောင်နေရသူ စုစုပေါင်း ၆၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်၏ တာဝေးပစ် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး မီးတင်ရှို့သည့် အချိန်တွင် ဓမ္မသကျေးရွာအတွင်း၌ မည်သည့် တော်လှန်ရေး အဖွဲ့အစည်းမှ တပ်စွဲထားခြင်း မရှိဘဲ မွန်၊ ကရင် နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများအပေါ် လက်တုန့်ပြန် သည့် အနေဖြင့် ရွာသူ ရွာသားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးခြင်းဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ထို့အပြင် အနီးအနား ကျေးရွာများမှ မီးသတ်ကားများ၏ လာရောက်ကူညီပေးမှုအပေါ် အကြမ်းဖက် စစ်သားများက တားမြစ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်သည် ယခင်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည် နယ်နေရာအများအပြားတွင် စစ်ရာဇဝတ်မှု လူသားမျိုးနွယ်များအပေါ် အပြစ်ကျူးလွန်ခဲ့ပြီး ယခု အခါ မွန်ပြည်နယ်တွင် ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုတို့အား တိုက်ရိုက် ရင် မဆိုင်ရဲဘဲ ပြည်သူကို ရန်ရှာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောဆိုသည်။

 

ဆက်လက်၍ အရပ်သားပြည်သူတို့၏ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရန်အတွက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်စေရန် ပြည်သူလူထုတစ်ရပ်လုံးမှ နည်းမျိုးစုံဖြင့် တွန်း အားပေး တိုက်ထုတ်သွားရန်နှင့် ဤကဲ့သို့ လူမဆန်သော လုပ်ရပ်များ အမြန်ဆုံး ရပ်တန့် သွားစေရန် အတွက် အကြမ်းဖက် စစ်ကောင်စီကို အလျင်အမြန် ဖြုတ်ချရန် လိုအပ်ကြောင်း တိုက်တွန်းထား သည်။

 

နောက်ဆုံးအနေဖြင့် လက်ရှိကာလတွင် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကြောင့် ဒုက္ခရောက်ရှိကာ အိုးအိမ်မဲ့သည့် ပြည်သူများအား မွန်ပြည်အတွင်းရှိ မွန်ပြည်သူများ၊ ပြည်ပရောက် မွန်ပြည်သူများ၊ မြန်မာနိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့မှ လူသားချင်း စာနာမှုအကူအညီပေးအပ်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီက မေတ္တာရပ်ခံတိုက်တွန်းထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *