TNLA News

0 0
Read Time:2 Minute, 23 Second

အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီမှုကိုချိုးဖောက်ကာ သီပေါ-နမ္မတူ လမ်းပိုင်းကို မြေတူးစက်ဖြင့်ဖျက်ဆီး

 

D Day News

ဇွန်လ ၁၂

 

အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီမှုကို ချိုးဖောက်ကာ သီပေါ – နမ္မတူ လမ်းပိုင်းကို မြေတူးစက်ကြီးဖြင့် ဖျက်ဆီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ဟိုင်ဂင်မြို့၌ တရုတ်နိုင်ငံ၏ ကြားဝင်စေ့မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ ကိုးကန့် (MNDAA) ၊အာရက္ခတပ်တော် (AA) တို့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား အပစ်အခတ်ရပ်စဲ သဘောတူလက်မှတ်ရေးထိုးထား ကြောင်း သိရသည်။

ထိုသို့ သဘောတူညီမှုကို အကြမ်းဖက်စစ်ကောင်စီက ချိုးဖောက်ကာ တအာင်းပြည် နောင်ချို ၊ မိုးမိ တ် စသည့်မြိုနယ်များ၌ နေ့စဉ်နေ့တိုင်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ် သည့်အပြင် ယခုကဲ့သို့ လမ်းပိုင်းဖျက်ဆီးပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစား သည်မှာ ဟိုင်ဂင်သဘောတူစာချုပ်ချိုးဖောက်ပြီး ပြဿနာဖြစ်စေရန် ဖော်ဆောင်နေသည့် လုပ်ရပ် ဖြစ်ကြောင်း TNLA က ပြောဆိုထားသည်။

 

အကြမ်းဖက် စစ်ကောင်စီက တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ – နမ္မတူ လမ်းမကို မြေတူးစက်များဖြင့် မြောင်းဖောက်ကာ ယာဉ်များသွားလာ၍ မရစေရန် ပြုလုပ်နေ ကြောင်း၊ ထိုသို့ လမ်းပိုင်းဖျက်ဆီးမှုကြောင့် PSLF/TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တိုတွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှု၍ မရတော့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် ရှမ်းမြောက်ရှိ မြို့များသို့ စစ်အင်အား ဖြည့်တင်းမှုများ လုပ် ဆောင်လျက်ပြီး စစ်ရေးပြင်ဆင်လျက်ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် TNLA က အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *