Yangon News

0 0
Read Time:2 Minute, 20 Second

ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်၊ ရုပ်ရှင်ကြည့် ပြည်သူအချို့မှ လည်း ဝန်းရံအားပေး

 

D Day News

ဇွန်လ ၁၂

 

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် သမ္မတရုပ်ရှင်ရုံအတွင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ရာ ရုပ်ရှင်ကြည့်ပြည်သူအချို့မှလည်းဝန်းရံအားပေးကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန် အင်အားစုထံမှ သိရသည်။

 

ယနေ့ ဇွန် ၁၂ ရက်နေ့တွင် ရန်ကုန်မြို့လယ်ခေါင်ရှိ သမ္မတရုပ်ရှင်ရုံအတွင်း၌ “လွတ်လပ်စွာ အနု ပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီး၊ ပုဒ်မ အလိုမရှိ” ၊ စစ်ဖိနပ်အောက်မှာ ပန်းမပွင့် ဘူး” ၊ “Without freedom there is no art” စာတန်းများကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင် ရေးရန်ကုန်အင်အားစု ဦးဆောင်သော လူငယ်များက ‌ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုတွင် ရုပ်ရှင်ကြည်လာရောက်သူပြည်သူအချို့မှလည်း ဝန်းရံအားပေးခဲ့ကြောင်း သိရ သည်။

 

ယနေ့အချိန်အခါတွင် နိုင်ငံတော်ဟု ဆိုသည့် အဆောက်အအုံသည် ပြည်သူတစ်ဦး တစ်ယောက်ချင်း စီ၏ လွတ်လပ်စွာ ဖန်တီးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များအပါအဝင် လူသားတစ်ယောက်၏ ဖြစ်တည်မှုကို ယုတ်လျော့လာစေရန် တဆင့်ချင်း၊ တစ်ရစ်ချင်း ကန့်သတ်ဖိနှိပ်နေသည့် အဆောက်အအုံဖြစ် ကြောင်း စစ်အာဏာရှင်ဆန့်ကျင် ရေးရန်ကုန်အင်အားစု က ပြောဆိုထားသည်။

 

ထို့ကြောင့် အကျင့်ပျက်ခြစားပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်နေသည့် စစ်အာဏာရှင်ကို ဖြိုချ ဖျက်ဆီးကာ တန်းတူညီမျှမှု၊ လွတ်လပ်မှုရှိသည့် နိုင်ငံတော်သစ်ကို ပြည်သူများကိုယ်တိုင် တည် ဆောက်ကြရမည်ဖြစ်ပြီး စစ်ကောင်စီ၏ အနုပညာဖန်တီးမှုကို ကန့်သတ်ပိတ်ပင်မှုများအား AJAY မှ အစဉ်တစိုက် ကန့်ကွက်ဆန့်ကျင်သွားမှာဖြစ်ကြောင်းအသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *