Poem

0 0
Read Time:1 Minute, 21 Second

ကဗျာ ကဏ္ဍ “ဗန့်ကျီသွေး “

 

ပျိုးကြဲလက်

 

နန်းလှစ်စတွင် ၊ သပိတ်ဆင်၍

လိုအင်ဆန္ဒ ၊ ပြခဲ့ကြလည်း

သပိတ်ဖြိုခွဲ ၊ ထင်တိုင်းကြဲကာ

အော်ဆဲသတ်ဖြတ် ၊ အာဏာငတ်သော်

သတ်မှတ်တာဝန် ၊ မကျေပွန်၍

လူလွန်မသား ၊ ဗာလများကို

ထောင်ထားခွံထိုး ၊ တူမီးမျိုးနှင့်

ဆတိုးထွင်ပြီ ၊ တော်လှန်ပြီကွယ့်

ဗန့်ကျီသွေးတို့ ရဲသလေ့လေ့ ။

 

ဆန်းသစ်လသွင် ၊ ရေးရေးထင်ဘိ

ပြည်ခွင်အရေး ၊ ပေါက်နှင့်ကျေးက

ရောထွေးဆက်စပ် ၊ အနေကျပ်သော်

နေရပ်တခွင် ၊ သတိဝင်လျှက်

စစ်ဆင်စစ်ထိုး ၊ စစ်ပွဲတိုးလျှင်

မီးကျိုးမောင်းပျက် ၊ ကိုယ့်လက်နက်မှာ

တုဖက်ရင်ဆိုင် ၊ မယှဉ်နိုင်၍

ဖြိုင်ဖြိုင်မျက်ရည် ၊ ကျရပြီကွယ့်

ညံ့ချီသေးလို့ လွဲသလေ့လေ့ ။

 

လမ်းဖြစ်စထွင် ၊ လက်လုပ်ဆင်၍

နောင်တွင်မမ ၊ မိုင်းဆွဲကြလျှက်

နောက်မဆုတ်တမ်း ၊ ဝုန်းဒိုင်းကြမ်းပြီ

အောင်လမ်းကိုချီ ၊ အောင်တေးသီလျက်

အောင်ပြီဟစ်ကြွေး ၊ စစ်ချီတေးနှင့်

ချွေးဒီးဒီးကျ ၊ မြေသို့ခစေ

သားလှစုံသည် ၊ ငါတို့ပြည်၏

ခန့်ထည်ရေးမို့ ခဲသလေ့လေ့ ။ ။

 

ပျိုးကြဲလက်

ရေးသားချိန် = ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ ၅၆ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *