ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေးလမ်းမပေါ်တွင် ကြေးနီတင်အကြမ်းဖက်စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗျူဟာမှူးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ တွဲကားတစ်စီးပျက်စီး
D Day News
ဇွန်လ ၁၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ကြေးနီတင်အကြမ်းဖက်စစ်ယာဉ် တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗျူဟာမှူးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁၁ ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်ခန့်ကဝမ်ပေါင်ဘက်မှ ထွက်လာသော အ ကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲ ကား ၁၂ စီးပါ ယာဥ် တန်းသည် မုံရွာ-ချောင်းဦးလမ်းပိုင်း ၌ ဖြတ်သန်းသွားလာစဉ် လမ်းကင်းယူနေသော အကြမ်းဖက် စစ်သား ၄ ဦးက တွဲကားပေါ်ပါ အကြမ်း ဖက် စစ်ကောင်စီအရာရှိကို အလေးပြုစဉ် ပဒေသာမိုင်း အကြီး ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တွဲကားပေါ်ပါ စစ်ကောင်စီအရာရှိနှင့်အတူ အလေးပြု သည့် စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးသွားပြီး ကျန် ၂ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြပုလဲ ဆီဆိုင်ဂိတ်ကနေ ထွက်လာပြီးတော့ လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေး ငွေတောင်းနေတဲ့ စစ်သားတွေ၊ ကြေးနီတင်တွဲကားတွေဖြတ်လာတော့ မိုင်းပွိုင့်နားကနေ ကြေးနီ တင်ကားပေါ်က အရာရှိကို အလေးပြုနေတဲ့အချိန် မိုင်းဆွဲလိုက်တာ၊ ကားပေါ်က အရာရှိရော အ လေးပြုတဲ့စစ်သား ၂ ဦးရော ၃ ဦးသေတယ်၊ ကားပေါ်ပါတဲ့သူက ဗျူဟာမှူးလို့တော့ သိရတယ်။ မုံရွာ ကနေ တက်လိုက်လာတာ၊ သေတဲ့စခအလောင်းတွေကိုတော့ ကြေးနီတင်ကားပေါ် ဆွဲတင်သွားတာ ရှိတာရှိသလို မုံရွာဘက်ကိုလည်း Express ကားပေါ်တင်သွားတာလည်းရှိတယ်လို့သိရပါတယ်” ဟု People’s Defence Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ နှင့် တပ်စု ၂ Youth Vigor Revolution Force တို့ လက်တွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၀ ရက် နံနက် ၈ နာရီ မိနစ် ၄၀ အချိန်တွင် ဝမ်ပေါင်ကုမ္ပဏီဘက်မှ ထွက်လာ သော အကြမ်း ဖက်စစ်ကောင်စီ၏ ကြေးနီတင် တွဲကား ၇ စီးပါ ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ်ရေကန် ကျေး ရွာနှင့် ရေပိုးစားကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံး ပွိုင့် ၂ ပွိုင့် ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တွဲကား တစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူး ကွန်မန်ဒိုတပ်ဖွဲ့ တို့ ပူးပေါင်း လက်တွကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် လမ်းပေါ်၌ အကြမ်းဖက်စစ်သားများရှိနေစဥ် ၎င်းတို့၏ အနီးကပ်မနေပဲ အတတ်နိုင်ဆုံးရှောင်ရှားကြရန်၊ မဖြစ်မနေခရီးသွားလာနေကြရသည့် ခရီးသွားပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များအား လေးစားလိုက်နာကြပါရန် မေတ္တာရပ်ခံထားသည်။
D Day News