မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲတိုက်ခိုက်မှု ရဲ ၂ ဦးဒဏ်ရာရ
D Day News
ဇွန်လ ၁၁
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၁ ရက် ည ၈ နာရီ ၅ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင် ရဲရိပ်သာ ယာဉ်ထိန်းရဲရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့သို့ မိုင်းခွဲ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများ ရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ် ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ – ပကဖ မှ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ယခု စစ်ဆင်ရေးကို ၁၉ ရက်နေ့တွင် ကျရောက်မည် လူထုခေါင်းဆောင်အတွက် ငုံမခံဘူး တုံပြန်နေ မည် သံမဏီနှင်းဆီ စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ထုတ်ပြန်ထားသည်။
D Day News