NUG News

0 0
Read Time:5 Minute, 24 Second

ပန်းတိုင်ကို မြင်နေရသော်လည်း ပန်းတိုင်မရောက်သေးကြောင်း၊ “ပန်းမဝင်ခင် တက်မထောင်ပဲ” လုပ်သင့်လုပ်ထိုက်တာ လုပ်ကြရန် တိုက်တွန်း

 

D Day News

ဇွန်လ ၁၁

 

နွေဦးတော်လှန်ရေး ပန်းတိုင်ကို မြင်နေရပြီဖြစ်သော်လည်း ပန်းတိုင်မရောက်သေးကြောင်း၊ ပန်းမဝင် ခင်တက်မထောင်ဘဲ လုပ်သင့်လုပ်ထိုက်သည်များ လုပ်ဆောင်ကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

 

ယနေ့ ဇွန်လ ၁၁ ရက် နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ဟာ “ပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူး” ဆို တာ သတိချပ်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ယခုထက် ပိုလွန် အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင် ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ် လို့ ပြောချင်ပါတယ်။ဒါ့ကြောင့် “ပန်းမဝင်ခင် တက်မထောင်ဘဲ” လုပ်သင့်လုပ်ထိုက်တာတွေကို စနစ် တကျ အားထုတ်လုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။” နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

လက်ရှိ ဖြတ်သန်းနေသော နွေဦးတော်လှန်ရေးတွင် “မဟာမိတ်စုဖွဲ့မှုရဲ့ အခန်းကဏ္ဍ”သည် အရေး ကြီးပြီး မဟာမိတ်ဆိုသည့် သဘောတရားနှင့် မိတ်ဖက်ဟူသည့် သဘောတရားကို နားလည်သဘော ပေါက်ရန် လိုအပ်ကြောင်း၊ နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးအင်အားစုများ အချင်းချင်း စုဖွဲ့မှုသည် “တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုသည့် မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင် ဖိတ်ဖက်အဆင့် ထက်ကျော်လွန်ကာ မဟာမိတ် အဆင့်အတန်းအထိ ကျစ်လစ်ခိုင်မာစွာ တည်ဆောက်ကြရန် အထူး လိုအပ်ကြောင်း၊ မဟာမိတ် စုဖွဲ့မှုဆိုသည်မှာ ယုံကြည်မှု ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိပြီး ပေါင်းစည်း လုပ် ဆောင်မှုသည် အလွှာလိုက် ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဒူဝါလရှီးလက သတိပေးထားသည်။

 

“ဒါ့အပြင် ဆက်ဆံရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ / ကျယ်ပြန့် စွာ ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲ တော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့ အတွက် “မဟာမိတ်စုဖွဲ့မှု” ကို ခိုင် မာကျစ်လစ်အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ မဟာမိတ်စုဖွဲ့မှုမှာ အရေး အကြီးဆုံးက ယုံကြည်မှုဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မဟာ မိတ်စုဖွဲ့မှုကို ပိုပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ဖို့ အတွက် အလုပ်နဲ့ သက်သေပြပြီး ယုံကြည် မှု တည်ဆောက်ဖို့ အရေးကြီးပါတယ်။ မဟာမိတ်စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ကျွန် တော်တို့အနေနဲ့ သတိ ထားချည်းကပ်ရမယ့် ကိစ္စ တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့ အစည်းအလိုက် နောက်ကွယ်ကနေ မမြင်နိုင်တဲ့ hidden agenda တချို့ ဖြစ်ပါတယ်။”

 

နိုင်ငံရေး သဘော၊ သဘာဝအရ အဖွဲ့အစည်းများ၏ နောက်ကွယ်တွင် ကိုယ်စီဆွဲကိုင်ထားသည့် မူဝါဒကိုင်စွဲချက်များရှိကြောင်း၊ သက်ဆိုင်ရာ လူမျိုးစုအလိုက် မတူညီသည့် ပန်းတိုင်၊ မတူညီသည့် နိုင်ငံရေး ရည်မှန်းချက်ရှိထားသည်ကို အားလုံးသတိထးရန်အပ်ကြောင်း နိုင်ငံတော်သမ္မတ ဒူဝါလရှီး လက ပြောဆိုသည်။

 

“ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကျွန်တော်တို့ အားလုံးမှာ ဘုံအားဖြင့် တူညီတဲ့အချက်ကတော့ “စစ်အာဏာ ရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး” ကိစ္စပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်တွေကို လက်တွေ့ကျကျ ရယူနိုင်ဖို့လည်း အထူးလိုအပ်ပါတယ်။ အဲဒါဟာ ဘာ့ကြောင့် အရေးတကြီး လိုအပ်နေတာလဲ ဆိုရင်၊ ကျွန်တော်တို့ဟာ ယခုတည်ဆဲရရှိထားတဲ့ အောင်ပွဲထက် ကျော်လွန်တဲ့ တော်လှန်ရေး ရည်မှန်း ချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်သမ္မတဒူဝါလရှီးလက ပြောကြား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *