နွားထိုးကြီးတွင် ပြည်သူများထံမှ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်
D Day News
ဇွန်လ ၁၁
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပြည်သူများထံမှ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Anyar Federal Task Force အဖွဲ့ထံမှ သိရ သည်။
ဇွန်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာတွင် ယာယီ အထိုင်ချ တပ်စွဲ ပြီး ပြည်သူများထံမှ ငွေညှစ်နေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဇွန်လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရွာကြီးကျေးရွာအတွင်းမှ အ ကြမ်းဖက် စစ်ကောင်စီတပ်သားများမှာ ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force (A F T F) နှင့်အတူ မဟာမိတ်အဖွဲ့ဖြစ်သော Freedoom Fighter Guerrilla Force (FFGF)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။