Thailand News

0 0
Read Time:3 Minute, 41 Second

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖျက်သိမ်း၊ ထိုင်းရဲက ရုံးခန်းတာဝန်ရှိသူကို ပိတ်ကန် (ရုပ်သံ)

 

D Day News

ဇွန်လ ၁၁

 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖျက်သိမ်းခဲ့ကြောင်း နွေဦးတမာန် ထောက်ပို့ပြန်ကြားရေးထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၀ ရက် ထိုင်းစံတော်ချိန် ညနေ ၅ နာရီခွဲခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နွေဦး တမာန်ရုံးခန်းကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တိုင်ကြားမှုဖြင့် ထိုင်းအာဏာပိုင် များက လာရောက်ဖျက်သိမ်းသဖြင့် ရုံးခန်းဖျက်သိမ်းနေစဉ် ထောက်ပို့တာဝန်ခံကို ထိုင်းအာဏာပိုင် များက အကြောင်းပြချက်မရှိပဲ ကန်ကျောက်ခဲ့ကြောင်း၊ ထို့အပြင် အမေစု၏ ဓာတ်ပုံ၊ နိုင်ငံတော် သမ္မတ၏ ဓာတ်ပုံ၊နှ့င် အလံများကို သိမ်းဆည်းသွားကြောင်း သိရသည်။

“ကျနော်တို့ရွှေ့ပြောင်းလုပ်သားတွေက တိုင်းပြည်ခွေးဆွဲခံနေရတာ ကြည့်မနေနိုင်လို့ နိုင်ရာကနေ စစ်ဘေးရှောင်ပြည်သူတွေကို ကူတယ်။ ထိုင်းအာဏာပိုင် ဥပဒေကိုလည်းလေးစားလိုက်နာတယ်။ ကျနော်တို့ အမြတ်တနိုး တန်ဖိုးထားရတဲ့ အမေစုနဲ့သမ္မတကြီးပုံကို ကျနော့်တို့အခန်းထဲက အိမ်ဦး ခန်း မှာချိတ်တာမကြိုက်ဘူးဆိုရင်လည်း အေးဆေးပြောလို့ရတယ်၊ အေးဆေးဖြုတ်ပေးတယ်။ ဒါကို အနောက်ကနေ ဘာမပြော၊ ညာမပြောနဲ့ ကန်ကျောက်ကိုတော့ ထိုင်းအာဏာပိုင်တွေကို မေးချင် တယ်။ ကိုယ့်နိုင်ငံထဲ ခိုလှုံအလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးကို အခုလို အနိုင်ကျင့် ကန် ကျောက်လို့ရပါသလားဆိုတာပဲ။” နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦး နိုင်(ပဲခူး) က ပြောကြားသည်။

 

ထိုင်းအာဏာပိုင်များက အနိုင်ကျင့်ကန်ကျောက်ခဲ့သည့် Video မှတ်တမ်းရိုက်ကူးရယူမိခဲ့သော်လည်း ထိုင်းအာဏာပိုင်များက ၎င်းဖုန်းကို သိမ်းဆည်းကာ ဓာတ်ပုံ Video များကို ဖျက်ဆီးကာ ဖုန်းကို လည်း အမှိုက်ပုံထဲလွှင့်ပစ်ခဲ့ကြောင်း သိရသည်။

 

“ထိုင်းနိုင်ငံမှာရှိနေကြတဲ့ အခြားသော ထောက်ပို့အဖွဲ့တွေ အနေနဲ့လည်း အချင်းချင်း စည်းလုံးဝန်းရံ ပြီး အခုလို မြန်မာပြည်သူတစ်ဦးအား အကြောင်းမဲ့ ကန်ကျောက်အနိုင်ကျင့်တဲ့ ထိုင်းနိုင်ငံအာဏာ ပိုင်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တက်ညီလက်ညီလုပ်ဆောင်ပေးစေချင်တယ်။ မင်း အောင်လှိုင်နဲ့ စကစ အနေနဲ့လည်း ရုံးခန်းကိုပဲ ဖျက်ဆီးလို့ရမယ်၊ ရင်ထဲက တော်လှန်ရေးစိတ်ဓာတ် ကို လုံးဝ ဖျက်ဆီးလို့မရဘူး၊ အဆုံးအထိလျှောက်မယ်ဆိုတာ သိစေချင်တယ်” ဟု နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦးနိုင်(ပဲခူး) က ထံသို့ ပြောဆိုသည်။

 

ယင်းရုံးခန်းတွင် အလုပ်လုပ်နေသူများအားလုံးသည် အထောက်အထားအပြည့်အစုံဖြင့် အလုပ်လုပ် နေကြသူများဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *