Myaing News

0 0
Read Time:1 Minute, 47 Second

မြိုင်မြို့နယ်၊ ကန်နီပျူရွာအနီးတွင် မိုင်းရှင်းရန်ထွက်လာသော ရဲ၊ ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦး သေဆုံး

 

D Day News

ဇွန်လ ၁၀

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာအနီးတွင် မိုင်းရှင်းရန် ထွက်လာသော ရဲနှင့် ပျူ စောထီး များကို  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၈ နာရီ ၃၄ မိနစ်အချိန်က မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ရွာ ၏ အနောက်တောင်ဘက်သို့ မိုင်းရှင်းလင်းရန် ထွက်လာသောရဲ နှင့် ပျူစောထီး ၆ ဦးကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုပစ်ခတ်တုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း ကန်နီပျူစောထီးကျေးရွာမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး ရဲနှင့် ပျူ စောထီးများမှာ ရွာထဲသို့ ပြန်ဆုတ်ပြေးသွားကြောင်း၊ ထို့အပြင် ကန်နီပျူစောထီးကျေးရွာ အတွင်းနေ ထိုင်သူ ပြည်သူတစ်ဦးကိုလည်း ဖမ်းမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း ၊ အမှတ် ၆ တပ်ရင်း နှင့် အမှတ် ၇ တပ်ရင်း များမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *